ဘန်ကောက် ၊စက်တင်ဘာ ၂
ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ်အဖြစ် ဘုရင်က အသိမှတ်ပြုလိုက်တဲ့နောက် အိမ်ခြံမြေ သူဌေးကြီး ဆရက်တာ ထာဝီဆင်း အနေနဲ့ ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာအောင် ထိုင်းနိုင်ငံရဲ့ စီပွားရေးကို မြှင့်တင်ပြီး မဲဆွယ်ကတိတွေ အတိုင်း ကြိုးပမ်းနိုင်ဖို့ ထိုင်းဝန်ကြီးချုပ်သစ် ထာဝီဆင်းကို အစိုးရအဖွဲ့က ဘဏ္ဍာရေး ဝန်ကြီးအဖြစ်ပါ စက်တင်ဘာ ၂ ရက်က ခန့်အပ်ခဲ့တယ်တယ်လို့ သိရပါတယ်။
ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အားနည်းလာတာကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာအကျဘက်ကိုရောက်နေပြီး ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ တနှစ်တာ တိုးတက်မှုနှုန်း လျော့ကျနေတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထာဝီဆင်းအတွက် အကြီးမားဆုံးတာဝန်တစ်ခုက ထိုင်းနိုင်ငံရဲ့ စီးပွားရေး ပြန်လည်ရှင်သန်လာရေး က အဓိကနေရာမှာ ရှိတယ်လို့ ဆိုပါတယ်။
ထိုင်းဘုရင်ရဲ့ ထောက်ခံအတည်ပြုချက်ရထားတဲ့ အစိုးရအဖွဲ့သစ်ဟာ ဘီလီယံနာ ရှင်နာဝပ်ထရာမိသားစုက ကျော ထောက်နောက်ခံပေးထားတဲ့ ဖြူထိုင်းပါတီအနေနဲ့ ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကူးသန်း ရောင်း ဝယ်ရေး၊ ကျန်းမာရေးနဲ့ နိုင်ငံခြားရေးစတဲ့ ဝန်ကြီးဌာနတွေကို ကြီးကြပ်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
လက်ရှိကာလမှာတော့ အရှေတောင်အာရှနိုင်ငံတွေထဲမှာ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံတွေအဖြစ် စင်္ကာပူက ပထမ၊မလေးရှားက ဒုတိယနေရာမှာ ရပ်တည်နေပြီး ထိုင်းကတော့ တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Ref:Reuters
ပုံစာအညွှန်း။ ဖြူထိုင်းပါတီရုံးချုပ်မှာ မိဒိယာတွေနဲ့ အမေးအဖြေလုပ်နေတဲ့ ဝန်ကြီးချုပ် ထာဝီဆင်း
Feature Image Credit: (Photo: AP/Sakchai Lalit)