အသက် (၆၉)နှစ်အရွယ်ထိုင်းဝန်ကြီး ချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာ ယွတ်ချန်အိုချာဟာ ရွေးကောက်ပွဲမှာ ထပ်မံပါဝင်ယှဉ်ပြိုင်တော့မှာမဟုတ်ဘူး၊ နိုင်ငံရေးမလုပ်တော့ဘဲ လုံးဝအနားယူ သွားပြီလို့ သူဦးဆောင်ခဲ့တဲ့ ညီညွတ်သော ထိုင်းနိုင်ငံပါတီက ဇူလိုင်၁၁ရက်မှာ အ တည်ပြုကြေညာခဲ့ပါတယ်။
ဝန်ကြီးချုပ်အဖြစ်(၉)နှစ်တာဝန်ထမ်း ဆောင်ပြီးတဲ့နောက်မှာ ထိုင်းစစ်တပ် နောက်ခံအစိုးရကို မလိုလားသူ ပိုများ လာတာသိတဲ့အတွက် သူအနားယူလိုက် တာဖြစ်မယ်လို့ထိုင်းအတိုက်အခံနိုင်ငံရေးသမားတွေက ထောက်ပြတယ်။
ဒီနှစ်ရွေးကောက်ပွဲအပြီးမှာ ပေါ်ထွက် လာတဲ့မဲရလဒ်အပေါ်မူတည်ပြီး ထိုင်းပါလီ မန်က ဝန်ကြီးချုပ်အသစ် မဲပေးတင် မြှောက်ဖို့ စိုင်းပြင်းနေကြတဲ့အချိန်မှာ ပရာယွတ်ချန်အိုချာဖက်က အာဏာရ ယူရေးနဲ့ပတ်သက်ပြီးဘာမှမျှော်လင့်မထားတာကိုပြသရာရောက်လို့ အပြောင်း အလဲသစ်တစ်ရပ်ကို ဦးတည်ပုံရကြောင်း ထိုင်းနိုင်ငံရေးစောင့်ကြည့်လေ့လာသူတချို့က သုံးသပ်ကြပါတယ်။
တကယ်ဆိုရင် မဲဆန္ဒရှင်တွေအကြား မှာရော ပါလီမန်မှာပါ အားပေးထောက် ခံမှုလျော့ကျလာတဲ့ ပရာယွတ်ချန်အို ချာရဲ့ပါတီဟာလွန်ခဲ့တဲ့မေရွေးကောက်ပွဲ မှာ အောက်လွှတ်တော်အမတ် ၃၆ နေရာစာပဲ အနိုင်ရခဲ့လို့ သူ့အနေနဲ့ ဝန်ကြီး ချုပ်အဖြစ်ထပ်မံရွေးကောက်ခံရဖို့ ရာခိုင် နှုန်းက အတော်နည်းနေခဲ့ပါတယ်။
၂၀၂၀ပြည့်နှစ်က ဘန်ကောက်မြို့ lတော် မှာ ထိုင်းမျိုးဆက်သစ်လူငယ်တွေ သိန်း နဲ့ချီစုဝေးပြီး ပရာယွတ်ချန်အိုချာ ဝန်ကြီး ချုပ်ရာထူးကနှုတ်ထွက်ပေးဖို့တောင်းဆို ဆနပြခဲ့ကြတယ်။ အဲဒီတုန်းက ပရာယွတ် ချန်အိုချာကပါလီမန်တက်ပြီး ဒီမိုကရေစီ နည်း ကျ မဲဆန္ဒနဲ့တရားဝင် ရွေး ကောက်တင်မြှောက်ခံထားတာဖြစ်တဲ့အတွက် နှုတ်ထွက်မပေးနိုင်ဘူးလို့
ငြင်းဆိုခဲ့တယ်။
Ref: CNN, Bangkok Post