ဘန်ကောက်၊ စက်တင်ဘာ ၂၀
အကျဉ်းချခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ လွန်ခဲ့တဲ့အပတ်က ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ် လို့ သမီးဖြစ်သူက ထုတ်ဖော်ပြောဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ဖခင်ကို အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး လွှတ် ပေးဖို့ ကိုလည်း မိသားစုဝင်တွေက တောင်းဆိုနေကြတယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့ က ပြောပါတယ်။
အသက် ၇၄ နှစ်ရှိ ဘီလျံနာသူဌေးကြီး သက်ဆင်ဟာ ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၃ ဩ ဂုတ်လမှာ အမိနိုင်ငံတော်ကို ပြန်ရောက်လာပြီး လတ်တလောမှာ ထောင်သွင်းအကျဉ်း ချခံနေ ရတာ လည်း ဖြစ်ပါတယ်။
အကျဥ်းကျခံနေတုန်း ကျန်းမာရေးချို့တဲ့လာတာမို့ ရဲဆေးရုံက သီးသန့်ခန်းကို နာရီပိုင်းအတွင်း ပြောင်းရွှေ့ခံ ခဲ့ရပြီး အခု လ အစောပိုင်းကလည်း ဘုရင်က သက်ဆင်ရဲ့ ထောင်ဒဏ် ရှစ်နှစ်ကနေ ထောင်ဒဏ်တစ်နှစ်သာ ပြောင်းလဲ ကျခံစေဖို့ အမိန် ချခဲ့ပါတယ်။
“ကျွန်မအဖေက ပြီးခဲ့တဲ့အပတ်က ခွဲစိတ်ကုသမှုခံယူခဲ့ရတာပါ ဘယ်လောက်အကြာမှာ ပြန်ကောင်းလာမလဲဆို တာ ကျမ မသိပါဘူး” ဆိုပြီး သမီးဖြစ်သူ ပေတွန်တန် က ခွဲစိတ်မှုအကြောင်းအသေးစိတ်မပါဘဲ သတင်း ထောက် တွေကို ပြော ခဲ့ ပါတယ်။
အကျင့်ပျက်ခြစားမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေအတွက် သက်ဆင်ရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးလိုက်တဲ့ နောက်ကွယ်ကသဘောတူညီချက်တစ်ခုကိုတော့ ထိုင်းနိုင်ငံမှာ ထင်ကြေးပေးမှုတွေ ပြင်းထန်လာနေပါတယ်။
သက်ဆင်ဟာ သူ့ရဲ့ ဖြူထိုင်းပါတီ အာဏာရခဲ့တဲ့ နေ့မှာပဲ ထိုင်းနိုင်ငံကို ပြန်လည်ရောက်လာတာက စစ်တပ်လို လားတဲ့ ပါတီတွေနဲ့ ကြိုပြီး လက်ဝါးရိုက်ထားတာကြောင့်လို့ အများစုကထင်ကြေးပေးနေကြတယ်လို့ ဆိုပါ တယ်။
ဖြူထိုင်းပါတီရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်သူ ပေတွန်တန်ကတော့ သူ့ဖခင်ဟာ ကျန်းမာရေးမကောင်း တာမို့ မိသား စု လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားပုံကို သေသေချာချာ လေ့လာနေ တယ်လို့လည်း ပြောဆိုလို က်တယ်လို့ သိရပါတယ်။
Ref: AFP/jo
ပုံစာအညွှန်း။ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်
Feature Image Credit: : Financial Times



