ဘန်ကောက်၊ ဇူလိုင် ၂၈
၂၀၀၁ ခုနှစ်ကစလို့ ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်း ဖြုတ်ချခံရသည်အထိ ထိုင်းဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ သက်ဆင်ရှင်နာဝပ်ဟာ လာမယ့် ဩဂုတ်လထဲမှာ ထိုင်းနိုင်ငံကို ပြန်လာဖို့ ရှိတဲ့ အကြောင်း သမီးဖြစ်သူ ဖြူထိုင်းပါတီ ကိုယ်စားလှယ်လောင်း ပေတွန်တန် ရှင်နာဝပ်တရာ က ပြောဆိုလိုက်ပါတယ်။
“အဖေက သြဂုတ်လ ၁၀ ရက်နေ့ ဒွန်မောင်းလေဆိပ်ကို ပြန်ရောက်မှာပါ” လို့ လူမှုမီဒီယာပို့စ်တစ်ခုကို ပြောဆိုလိုက်တာပါ။ ” ဒီလို အိမ်ပြန်ဖို့ ဆုံးဖြတ်ချက်ကို ၂၀၂၂ ခုနှစ်အစကတည်းက အဖေက အလေးအနက်ပြောထားခဲ့တဲ့ ကိစ္စပါ။” လို့ ပေတွန်တန်က ပြောပါတယ်။
အသက် ၇၄ နှစ်ရှိနေတဲ့ သက်ဆင်ဟာ ဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ ချမ်းသာကြွယ်ဝပြီး ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ် အာဏာသိမ်း ဖြုတ်ချမခံရချိန်အထိ ၀န်ကြီးချုပ်တာဝန်ထ်းဆောင်ခဲ့ဖူးသူပါ။။ ၂၀၀၈ ခုနှစ်မှာတော့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ်ကနေ ရှောင်လွှဲနိုင်အောင် ထိုင်းနိုင်ငံကနေ ယူအေးအီးနိုင်ငံက ဒူဘိုင်းမြို့ကို ထွက်ပြေးပြီး လက်ရှိမှာတော့ သူကိုယ်တိုင် ချမှတ်ထားတဲ့ ပြည်နှင်ဒဏ်နဲ့ နိုင်ငံခြားမှာ နေထိုင်နေတာ ဖြစ်ပါတယ်။
သက်ဆင်ကျောထောက်နောက်ခံပြုထားတဲ့ ဖြူထိုင်းပါတီဟာ မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲမှာ ဒုတိယအကြိမ် မြောက်ပြန်လာခဲ့ပြီးတဲ့နောက် ဒီနေမှာတော့ ထိုင်းနိုင်ငံမှာ အစိုးရဖွဲ့ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၏ လက်ထောက်ရဲချုပ် စူရာချပ်တီ ဟက်ပရမ် က သက်ဆင်ဟာ ထိုင်:နိုင်ငံကို ပြန်လာချိန်မှာတော့ တရားဥပဒေ အတိုင်း ဆက်ပြီး ဆောင်ရွက်တာကို လိုက်နာသွားရဖို့ ရှိတယ်လို့လည်း ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: CNA
Photo Credit: Dimsum Daily