စင်္ကာပူ၊ အောက်တိုဘာ ၁၁
ထိုင်းဝန်ကြီးချုပ်သစ် ဆရက်တာ ထာဝီဆင်းဟာ စင်္ကာပူ၀န်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံကို မနက်ဖြန် ကြာသပတေးနေ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ တရားဝင်လာရောက်မယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၁ရက် ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ မစ္စတာ ဆရက်တာရဲ့ ပထမဆုံး တရားဝင် ခရီးစဉ်လည်း ဖြစ်ပါတယ်။
“သူ့ရဲ့ ဂုဏ်ပြုညစာစားပွဲမှာတော့ တရားဝင်ဧည့်ခံမယ့် ဝန်ကြီးချုပ် လီနဲ့ တွေ့ဆုံမှာ ဖြစ်တယ်” လို့ သိရပါတယ်။
ဆရက်တာရဲ့ ခရီးစဉ်မှာ ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန်ရုံးကအကြီးတန်း အရာရှိတွေ လိုက်ပါသွားမှာ ဖြစ်ပြီး စင်ကာပူ စတော့အိတ်ချိန်းကိုလည်း သွားရောက်မယ်လို့ သိရပါတယ်။
မေလက ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအပြီး နိုင်ငံတွင်း နိုင်ငံရေးအကျပ်အတည်းတွေကို လအတန် ကြာ ဖြေရှင်းပြီးတဲ့နောက်အဆုံးသတ်ကာ သြဂုတ် ၂၂ ရက်မှာ ပါလီမန်မဲခွဲဆုံးဖြတ်မှုနဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် မစ္စတာ ဆရက်တာကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ရဲ့ အဆိုအရ စင်ကာပူဟာ အခုနှစ် ၂၀၂၃ပထမနှစ်ဝက်မှာ ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံး နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဖြစ်လာခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တန်ဖိုးရဲ့ ၁၉ ရာခိုင်နှုန်း ရှိကြောင်း သိရပါတယ်။
Ref :CNA
ပုံစာ။ ၂၀၂၃ စက်တင်ဘာ၂၂ရက်က ကုလသမဂ္ဂ ညီလာခံမှာ တွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ်
Feature Image Credit: AFP/Bryan R Smith