ထိုင်းဝန်ကြီးချုပ်က ဝန်ကြီးအဖွဲ့ အမည်စာရင်း အပြီးသတ်ကို အခုသီတင်းပတ်ထဲမှာပဲ တော်ဝင်ခွင့်ပြုချက်ရဖို့ မျှော်လင့်ပါတယ်လို့ ဆို

ဘန်ကောက်၊ စက်တင်ဘာ ၂

ထိုင်းနိုင်ငံရဲ့  ကက်ဘိနက်အသစ်ကို အခုသီတင်းပတ်ထဲမှာပဲ တော်ဝင်ထောက်ခံချက်ရဖို့ မျှော်လင့်တယ်လို့  ဝန်ကြီးချုပ် ပေတွန်တန် ရှင်နာဝပ်က  တနင်္လာနေ့ (စက်တင်ဘာ ၂ ရက်) မှာပြောဆို လိုက်ပါတယ်။

ဝန်ကြီးအဖွဲ့သစ်မှာ လက်ရှိဘဏ္ဍာရေးနဲ့  နိုင်ငံခြားရေး ဝန်ကြီးတွေကို ဆက်လက်ခံဖို့  မျှော်လင့်ထားသလို ဝန်ကြီးအသစ်နဲ့ ဒုတိယဝန်ကြီး ၁၁ ယောက်ကို မြင်တွေ့ရဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့   ကိုးကားပြီး ပြည်တွင်းမီဒီယာတွေက  ဖော်ပြနေတယ်လို့ သိရပါတယ်။

ပေတွန်တန်ရဲ့ အာဏာရ ဖြူထိုင်းပါတီ အထွေထွေ အတွင်းရေးမှူး ဆိုရာဝေါင် က အစိုးရသစ်ဟာသူတို့ရဲ့ အရင်လွှတ်တော် အမတ်နေရာတွေထက် နည်းနည်း ပိုရမှာပါလို့  Reuters ကို ပြောပါတယ်။

ဆရက်ထာ ထာဝီဆင်းကို ပြီးခဲ့တဲ့လက  တရားရုံးအမိန့်နဲ့  ၀န်ကြီးချုပ်ရာထူးက ဖယ်ရှားလိုက်တဲ့နောက် လူကြိုက်များတဲ့ ဖြူထိုင်းက   အတွေ့အကြုံမရှိတဲ့ ခေါင်းဆောင် ပေတွန်တန်ကို ဝိုင်းပြီးထောက်ခံခဲ့အပြီး   ပါလီမန်က သူ့ကို ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Ref: Reuters

ပုံစာ။ ထိုင်;ဝန်ကြီူချုပ်သစ် ပေတွန်တန် ရှင်နာဝပ်ထရာ

Feature Image Credit: Washinton Post

Visited 81 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *