ထိုင်းရွေးကောက်ပွဲအနိုင်ရသူ ပီတာ လင်မ်ဂျရိုယင်ရတ်က မြန်မာအရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်တစား ထောက်ပြ အကြံပြုခဲ့

၂၀၂၃ထိုင်းရွေးကောက်ပွဲမှာ ထောက်ခံမဲ အများဆုံးရရှိခဲ့တဲ့ အမ်အက်ဖ်ပီပါတီ ကိုယ် စားပြု ဝန်ကြီးချုပ်လောင်း ပီတာလင်မ် ဂျရိုယင်ရတ်ဟာ မဟာမိတ်ပါတီငယ်တွေရဲ့ ထောက်ခံမှုအရ အစိုးရဖွဲ့ဖို့ စီစဉ်နေပြီလို့ ယခုနောက်ဆုံးရသတင်းတွေမှာဖော်ပြကြတယ်။ သူဝန်ကြီးချုပ်ဖြစ်လာတော့မယ်လို့ မီဒီယာတွေဖက်က လမ်းကြောင်းပေးနေကြ တဲ့သဘောပါပဲ။

ပီတာလင်မ်ဂျရိုယင်ရတ်နဲ့ ပတ်သက်ပြီး ထူးခြားတာက လက်ရှိမြန်မာ့အရေးအပေါ် အရင့်အရင်ကတည်းက မပြတ်စောင့်ကြည့် နေခဲ့တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဧပြီ၂၂ရက်မှာ ပီတာဟာ ဝန်ကြီး ချုပ်ပရာယွတ်ချန်အိုချာနဲ့ အခြားအာဆီယံ အကြီးအကဲတွေကို အွန်လိုင်းကနေ မြန်မာ့ အရေးနဲ့ပတ်သက်ပြီး စိတ်ဝင်တစား ထောက်ပြအကြံပြုခဲ့ဖူးပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ ဒေသဆိုင်ရာ စံ တန်ဖိုးတွေကို အလေးအနက်ထားသလို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစံနှုန်း

တွေ အပေါ်မှာလည်း တန်ဖိုးထားပြီး မြန်မာ့အရေးမှာ လူ့အသက်ပေါင်းများစွာ မဆုံးရှုံးစေဖို့ စစ်ဖက်ဆိုင်ရာကိုယ်စားလှယ် တွေ ပြည်ပရောက်နေတဲ့နိုင်ငံရေးအင်အား စုဝင်တွေ၊တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ လက်နက်ကိုင်ခေါင်းဆောင်တွေ အား လုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နိုင်ရေး အတွက် ပီတာကထောက်ပြအကြံပြုခဲ့ တာဖြစ်ပါတယ်။

Ref: Bangkok Post

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *