ထိုင်းရဲ့နောက်ထပ် ၀န်ကြီးချုပ် ပီတ မဟုတ်ရင် ဘယ်သူ ဖြစ်မှာလည်း

ပီတ လင်ဂျာရိုရက်ရဲ့ ၀န်ကြီးချုပ် ရည်မှန်းချက်ကို ထိုင်းပါလီမန်က ပယ်ချလိုက်တဲ့နောက် လာမယ့်သီတင်းပတ်တွေမှာ အသစ်သောမဲပေးမှုတွေကို စတင်တော့မှာ ဖြစ်တယ်။ ဆိုခဲ့တော့ ထိုင်းနိုင်ငံရေးကလည်း ပိုပြီး ရှုပ်ထွေးပွေလီနေခဲ့ပြီလို့ ဆိုရပါမယ်။

ပီတရဲ့ Move Forward ပါတီ (MFP)ဟာ မေလ ရွေးကောက်ပွဲမှာ အမတ်နေရာအများစုကို အနိုင်ရခဲ့ပေမယ့်လည်း နိုင်ငံ တော်ရဲ့  တင်းကျပ်တဲ့ တော်ဝင်အသရေဖျက်မှုဥပဒေတွေကို ပြင်ဆင်ဖို့ ကတိကဝတ်တွေ ပေးထားခြင်းနဲ့ အတူ ကပ်လိုက် လာတဲ့ ရလဒ်တစ်ခုကတော့ စစ်ဘက်ဆိုင်ရာ အထက်လွှတ်တော်အမတ်တွေရဲ့ပယ်ချခြင်းကို ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

ပါလီမန် ဆိုင်းငံ့ခံရမည့် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဇူလိုင် ၁၉ ရက် ဗုဒ္ဓဟူးနေ့မှာ လုပ်မယ့် ဒုတိယ အ ကြိမ် မဲပေးပွဲမှာတော့ ပီတ တစ်ယောက် ပြန်မလာနိုင်တော့တာ သေချာသလောက်ပဲလို့ လေ့လာသူတွေက ပြောဆိုကြပြီ လည်း ဖြစ်ပါတယ်။

ဆရက်တာ ထာဝီဆင်း

ဆရက်တာ ထာဝီဆင်း
photo Credit: Sansiri

လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွေကြားမှာ နောက်ထပ် ရေပန်းစား အသံထွက်လာတဲ့ သူကတော့ဖြူထိုင်းပါတီရဲ့  ကိုယ် စားလှယ်လောင်း အသက်၆၀ အရွယ် ဆရက်တာ ထာဝီဆင်း ဖြစ်ပြီး  မဲဆွယ်စည်းရုံးရေးလမ်းကြောင်းမှာကိုပဲ  ငယ်ရွယ်တဲ့ မဲဆန္ဒရှင်တွေကို စွဲဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့  သြဇာကြီးမားတဲ့ အထက်တန်းလွှာတွေကြားက  စီးပွားရေးခေါင်းဆောင်တွေရဲ့ သဘောကျနှစ်သက်မှုကို ခံရ ပြီး အလားအလာရှိတဲ့ နောက်ထပ် ကိုယ်စားလှယ်လောင်း တစ်ယောက်ဆိုလည်း မမှားပါဘူး။

ဖြူထိုင်းရဲ့  ဆိုင်းဘုတ်အောက်ကနေပြီး ပါလီမန်မှာ ပီတ ပယ်ချခံလိုက်ရတဲ့နောက် သူက ရှေ့ကို တက်လာလိမ်မယ်လို့ ထိုင်းနိုင်ငံရေးလေ့လာသုံးသပ်သူ တိတီနန် ပေါင်ဆွန်ရပ် က AFP ကို ပြောပါတယ်။

ဒါပေမယ့် သူဟာ နိုင်ငံရေးအခြေခံ အားနည်းသူလို့ ထောက်ပြနေတာတွေလည်း တစ်ချိန်တည်းမှာ ရှိနေပြန်ပါတယ်။ သူက အမေရိကန်ပြည်ထောင်စုမှာ  ပညာသင်ကြားခဲ့ပြီး ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး အိမ်ခြံမြေစီးပွားရေးလမ်းသစ် တီထွင်သူ အ နေနဲ့  ရပ်တည်နေတဲ့သူဖြစ်ပါတယ်။

သူက ဖြူထိုင်းတည်ထောင်သူ စစ်တပ်ရဲ့ ဖြုတ်ချခံ ဝန်ကြီးချုပ်ဟောင်းနှစ်ယောက်ဖြစ်တဲ့ သက်ဆင်ရှင်နာဝပ်နဲ့ ညီမဖြစ်တဲ့ ယင်လပ် တို့ရဲ့ လူယုံတစ်ယောက် လည်း ဖြစ်ပါတယ်။

ပေတွန်တန် ရှင်နာဝပ်ထရာ

ပေတွန်တန် ရှင်နာဝပ်ထရာ
Photo Credit: AP Photo/Sakchai Lalit

ဖြူထိုင်း ကိုယ်စားလှယ်လောင်း အသက် ၃၆ နှစ်အရွယ် ပေတွန်တန် ရှင်နာဝပ်ထရာကလည်း  ရွေးကောက်ပွဲ မတိုင်မီ အာဇာနည်တစ်ယောက် အဖြစ်နဲ့တောင် ရေပန်းစားခဲ့သူပါ။ စိတ်ဓာတ်တက်ကြွပြီး ဉာဏ်ရည်ထက်မြက်သူ ဖြစ်တဲ့ အ ကြောင်း သက်သေပြခဲ့ပြီး ထောက်ခံသူအမြောက်အများနဲ့ သူ့ မိသားစုအမွေကို လက်ဆင့်ကမ်းခဲ့သူလည်း ဖြစ်ပါတယ်။

သီတီနန်( ပေတွန်တန် ရှင်နာဝပ်ထရာ) ဟာ မကြာသေးခင်ကမှာ ကလေးမီးဖွားခဲ့သူဖြစ်ပါတယ်။

သူက ဗြိတိန်မှာ ဟိုတယ်စီမံခန့်ခွဲမှုပညာကို လေ့လာခဲ့ပြီး သူ့ရဲ့ ချမ်းသာကြွယ်ဝလှတဲ့ မိသားစု ကုမ္ပဏီမှာပဲ မိသားစု လက် ရုံး အနေနဲ့ အလုပ်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၁၉မှာ လေယာဉ်မှူးပီဒေါ့ စဝ်ဆာဝပ် လက်ထပ်ခဲ့ပြီး ကလေးနှစ် ယောက် မိခင်တစ်ဦးလည်း ဖြစ်ပါတယ်။

အနူတင် ချန်ဝမ်ရာကွန်း

အနူတင် ချန်ဝမ်ရာကွန်း
photo Credit: Sakchai Lalit/AP

ဖွန်ဂျေထိုင်း ပါတီခေါင်းဆောင် အသက်၅၆ နှစ်အရွယ် အနူတင် ချန်ဝမ်ရာကွန်းဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုတွေကြားမှာ ရုန်းကန်နေရပြီး ဝန်ကြီးချုပ်အတွက် ကိုယ်စားလှယ်လောင်းဖြစ်ဖို့အလားအလာ မရှိပေမယ့်လည်း ထည့်သွင်း စဥ်းစားရမယ့်သူတစ်ယောက်ပါ။

သူဟာ ပီတ တစ်ယောက် ပယ်ချခံရတဲ့နောက် နေရာတစ်ခု ရလာသူလည်း ဖြစ်ပါတယ်။

အနူတင်ဆိုတာ  ထိုင်းနိုင်ငံက အချမ်းသာဆုံး မိသားစုများတွေထဲက တစ်ယောက်ဖြစ်ပြီး ၂၀၂၂ ခုနှစ် က ဆေးခြောက်ကို တရားဝင်ဖြစ်စေတဲ့  အောင်မြင်သော လုပ်ဆောင်ချက်ကြောင့် ပိုထင်ရှားခဲ့သူလည်း ဖြစ်ပါတယ်။ဒါ့အပြင် သူဟာ ရှင်နာဝပ် မျိုးနွယ်နဲ့ ကာလကြာရှည် အဆက်အသွယ် ရှိနေပြီး သက်ဆင် အစိုးရ အဖွဲ့ဝင် အနေနဲ့ နိုင်ငံရေး စတင် ဝင်ရောက်ခဲ့သူ လည်း ဖြစ်ပါတယ်။ ၂၀၁၉မှာ ကျန်းမာရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ပရာဝတ် ဝုန်ဆူဝမ်

ပရာဝတ် ဝုန်ဆူဝမ်
photo credit: Lilian Suwanrumpha/AFP/Getty Images

Dark Horse လို့ ထင်ရှားပြီး ပရာရွတ်အစိုးရရဲ့ နောက်ကွယ်က နိုင်ငံရေးပဲ့ကိုင် လို့လည်း သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

သူ့ရဲ့ ပလန်ပရာချာရတ်ပါတီကို  စစ်တပ်က ကျောထောက်နောက်ခံပေးထားပြီး ပါလီမန်မှာ မဲ ၄၀ ရထားပါတယ်။

ပရာဝစ်ဟာ၂၀၀၄ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ စစ်တပ်အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခံရပြီး နှစ်ပေါင်းများစွာ ကတည်း က နောက်ကွယ်က နိုင်ငံရေးကစားသမားတစ်ဦးရပ်တည်လာခဲ့သူပါ။

၂၀၀၆ အာဏာသိမ်းပြီးနောက် အမျိုးသားဥပဒေပြုလွှတ်တော်မှာ ခန့်အပ်ခံရပြီး ၂၀၀၈ ခုနှစ်တွင်မှာတော့ ကာကွယ်ရေးဝန် ကြီး ဖြစ်ခဲ့သလို  ဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပရာဝစ်ဟာ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုရဲ့ ကြိုးကိုင်သူတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ပရာယွတ်ရဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သလို ဒီနေ့အထိ စစ်အစိုးရခေါင်းဆောင်နှင့် အနီးကပ် မဟာမိတ်အဖြစ်ရှိနေဆဲ ပုဂ္ဂိုလ်လည်း ဖြစ်ကြောင်းပါ။

Ref: AFP/yb

Leave a Reply

Your email address will not be published. Required fields are marked *