၁၄ ဒီဇင်ဘာ၊၂၀၂၃
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရတော့မယ်လို့ ဘန်ကောက်မြို့မှာရှိတဲ့မြန်မာသံရုံးက ဒီဇင်ဘာ ၁၄ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
ဝင်ငွေခွန်ထမ်းဆောင်ပြီးတဲ့ မြန်မာနိုင်ငံသားတစ်ဥဦးချင်းစီကို “အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ်” ပြန်လည်ထုတ်ပေးမယ်လို့ သိရပါတယ်။


အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ်ကို မြန်မာသံရုံး (ဗန်ကောက်) ၊ ကောင်စစ်ဝန် ချုပ်ရုံး (ချင်းမိုင်) ၊ အလုပ်သမားသံအရာရှိရုံး (ဗန်ကောက်) ၊ ယာယီအချက်အလက်ကောက်ယူရေး ဌာနခွဲ (TDCC) မဟာချိုင်တို့ကနေ ထုတ်ပေးမယ်လို့ အသိပေးထားပါတယ်။
ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ အောက်တိုဘာ ၁ ရက်နေ့ကစလို့ ဝင်ငွေခွန်ပေးဆောင်ရမယ်လို့ နိုဝင်ဘာလ ၂၂ ရက်နေ့ကပြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအနေနဲ့ အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ်တွေကို စနစ်တကျသိမ်းဖို့နဲ့ တယ်လီဖုန်းမှာဓါတ်ပုံရိုက်သိမ်းဆည်းတာတွေ ပြုလုပ်ထားကြပါဆိုပြီး အသိပေးထားတာတွေ့ရပါတယ်။



