၂၀၂၀ပြည့်နှစ်က ထိုင်းမိဖုရား စုသီဒါ စီးနင်းလိုက်ပါလာတဲ့ယာဉ်တန်းကို ဘန်ကောက်မြို့တစ်နေရာမှာဆန္ဒပြနေသူတွေထဲက လူတချို့လမ်းပိတ်ဆို့တားဆီးခဲ့လို့ ရဲကလိုက်ဖမ်းတာ (၅)ဦးမိခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဘုရင်ကိုဖြစ်စေ ဘုရင့်မိသားစုဝင်ဆွေတော်မျိုးတော်တွေကိုဖြစ်စေ စိတ်အနှောက်အယှက်ဖြစ်အောင် ကိုယ်ထိလက်ရောက် ကြံစည်အားထုတ်ရင် ၊ပြစ်တင်ဝေဖန်ရင် ထောင်ဒဏ် (၁၀)နှစ်ကနေ (၁၅)နှစ်အထိ အပြစ်ပေးခံရနိုင်တယ်။ အများပြည်သူအထွတ်အမြတ်ထားတဲ့ တော်ဝင်လူ့အဖွဲ့အစည်းကို သွားထိလို့မရဘူး။
ဒါပေမယ့် ပြစ်ဒဏ်ကလွန်လွန်းတယ်။ ပြုပြင်ပြောင်းလဲပြီး လျှော့ပေါ့ပေးသင့်တယ်။ ထိုင်းတော်ဝင်မိသား စုနဲ့ စည်းမျဉ်းခံ ဘုရင်စနစ်ကိုလည်း ပြုပြင်ပြောင်း လဲဖို့လိုနေပြီလို့ ဘန်ကောက်က ထိုင်းလူငယ်အချို့က ထောက်ပြတယ်။၂၀၂၀ပြည့်နှစ် နှစ်လယ်ပိုင်းလောက်ကနေ ၂၀၂၁ ခုနှစ်အထိ ဘန်ကောက်မြို့မှာ လက်ချောင်းသုံးချောင်းထောင်ပြီး လူငယ်တွေ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။
ရဲအဖမ်းခံရတာ အဲဒီလူငယ်တွေထဲက (၅)ဦးဖြစ်ပါတယ်။ သူတို့ကို ထိုင်းအစိုးရက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၀ အရ အရေးယူခံခဲ့တယ်။ ပြစ်မှုထင်ရှားစီရင်မယ်ဆိုရင် သူတို့ (၅)ဦးစလုံး ထောင်ဒဏ် (၁၀)နှစ်ကျော်ကျမှာပါ။
ထိုင်းအစိုးရနဲ့ တော်ဝင်မိသားစုဖက်က သူတို့ကိုတစ်နည်းနည်းနဲ့ဖြေလျှော့ပေးလိုက်လို့ ဒီလို လွတ်မြောက်လာတာဖြစ်လိမ့်မယ်။
Ref: BBC