ထိုင်းဘုရင်ရဲ့ ဒုတိယအကြီးဆုံးသားတော် ၂၇နှစ်အတွင်း ပထမဆုံးအကြိမ် အမိမြေကိုပြန်လာ

ထိုင်းပြည်သူတွေ အံ့ဩတကြီး ဖြစ်ခဲ့ရ

မိဘမဲ့ဂေဟာကို အလည်ရောက်နေတဲ့ ဝန်ချာရိုင်ဆွန်
Photo Credit:  Reuters/Athit Perawongmetha

ဘန်ကောက်၊ ဩဂုတ် ၈

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းရဲ့ အသက် ၄၂နှစ်အရွယ် ဒုတိယအကြီးဆုံးသားတော်ဟာ ဒီနေ့ သြဂုတ်လ ၈ ရက် အင်္ဂါနေ့မှာ  ၂၇ နှစ်အတွင်း သူ့ရဲ့ ဇာတိမြေကို ပထမဆုံးအကြိမ် ပြန်လာခဲ့တယ်လို့ သိရပါတယ်။

နယူးယောက်ခ်က ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဝပ်ချာရိုင်ဆွန် ဘန်ကောက်ရောက်ရောက်ချင်းပဲ တော်ဝင် မိသားစု က ပံ့ပိုးထားတဲ့  မိဘမဲ့ ဂေဟာတစ်ခု ဖြစ်တဲ့ Slum Child Care ဖောင်ဒေးရှင်းကို သွားရောက်ပြီး နှုတ်ဆက်စကား ဆိုခဲ့ပါတယ်။

ဂျင်းဘောင်းဘီရယ် ပေါ့ပေါ့ပါးပါး အနက်ရောင် ရှပ်အင်္ကျီကို ၀တ်ဆင်ထားတဲ့ ဝပ်ချာရိုင်ဆန်ဟာ  နှစ်ပေါင်း ၇၀ ကြာ စိုးစံ ပြီးတဲ့နောက် ၂၀၁၆ ခုနှစ်မှာ  ကွယ်လွန်ခဲ့တဲ့  အဘိုး ဘုရင်ဘူမိဘော အဒူလျာဒက် ပုံတူရယ် သူဖခင် ဘုရင်ကြီးတို့ရဲ့ ပုံတွေ ရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

“ကျွန်တော် ပြန်လာရတာ ဝမ်းသာပါတယ်… ကျွန်တော် ဝေးနေတာ ၂၇ နှစ်ကြာပြီ” ဝမ်ချာရိုင်ဆွန်  က ၏ သတင်းထောက် တွေကို ပြောပါတယ်။

“ပြန်လာဖို့ဆိုတာ အိပ်မက်တစ်ခုလိုပါပဲ” ဆိုပြီးလည်း သူက ပြောပါတယ်။

တော်ဝင်နန်းတော်ကတော့ ခရီးစဉ်နဲ့ ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။ မှတ်ချက်ပေးဖို့  တောင်းဆိုချက်တွေကိုလည်း နန်တော်က ဘာမှတုန့်ပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဝပ်ချာရိုင်ဆွန် ပြန်လာတဲ့အတွက် ထိုင်းလူမျိုးတော်တော်များများ အံ့အားသင့်ခဲ့ကြရပါတယ်။ တနင်္လာနေ့က ဘန်ကောက် မြို့မှာ  ဘီးတပ်သုံးဘီးစီး တုတ်တုတ် နဲ့ ရိုက်ထားတဲ့  ဓာတ်ပုံကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ Follower ၈သောင်း ကျော်နဲ့ Like လုပ်သူ သောင်းနှင့်ချီရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဝမ်ချာရိုင်ဆွန်ဟာ  ဘုရင် ဗာဂျီရာလောင်ကွန်းရဲ့ ဒုတိယမြေက် ကြင်ယာတော်ဆူဂျာရီနီး ဝီဝပ်ချရဝန်ရဲ့ သား လေးယောက် ထဲက ဒုတိယမြောက်သား ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: Reuters/gr

Feature Image credit: Face book

Leave a Reply

Your email address will not be published. Required fields are marked *