ဘန်ကောက်၊ စက်တင်ဘာ ၁
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ကျခံရမယ့် ထောင်ဒဏ် ရှစ်နှစ်အစား တစ်နှစ်ပဲ ကျခံစေဖို့ ထိုင်းဘုရင်က လျှော့ချလိုက်တယ်လို့ တော်ဝင်ဂေဇက်က စက်တင်ဘာ ၁ရက်က ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် ပရာယွတ် က နုတ်ထွက်စာမှာ လက်မှတ် ရေးထိုးပြီးတဲ့နောက် သက်ဆင်ရဲ့ ဘုရင်စနစ်အပေါ် လေးစားမှု့ကို ထည့်သွင်းဖော်ပြခဲ့သလို့ ပရာယွတ် ချန်အိုချာက သူအနေနဲ ဝန်ကြီးချုပ်ရာထူး တာဝန်ယူ ထားတဲ့ကာလတစ်လျှောက် တိုင်းပြည်အတွက် လုပ်ဆောင်ပေးခဲ့တာတွေကိုလည်း ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
သက်ဆင်ကလည်း သူဟာတရားရေးလုပ်ငန်းစဉ်တွေကို လေးစားလိုက်နာခဲ့ပြီး သူ့အပြစ်ကို သူကိုယ်တိုင် သိပြီး နောင်တရ လို့ စီရင်ချက်တွေကို လက်ခံခဲ့တာ လို့ လည်း ပြောပါတယ်။
အသက် ၇၄ နှစ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးပြသနာတွေ အများကြီး ရင်ဆိုင် နေရတာမို့ ဆေးကုသမှုတွေ လိုအပ်နေတတယ်လို့လည်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
ထိုင်းဘုရင်ဟာ သက်ဆင်ရဲ့ အသိပညာ၊ စွမ်းရည်နဲ့ အတွေ့အကြုံတွေကို အနာဂတ်နိုင်ငံ၊ လူ့အဖွဲ့အစည်းနဲ့ ပြည်သူ တွေအတွက် အကျိုးရှိအောင်လို့ ပြစ်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာ ဖြစ်တယ်လို့ ဘုရင့် လွတ်ငြိမ်း ချမ်းသာခွင့်မှာ ဖော်ပြပါတယ်။
သက်ဆင်ဟာ ပြည်ပမှာ ၁၅ နှစ်ကြာ ပြည်နှင်ဒဏ်ပေးခံခဲ့ရပြီး သြဂုတ် ၂၂ ရက်ကထိုင်းနိုင်ငံကို ပြန်ရောက်လာပြီး သူ အာဏာရချိန်ကာလက အမှုတွဲတွေနဲ့ ပတ်သက်ပြီး တရားရုံးချုပ်က ဆောလျင်စွာ ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါ တယ်။
Ref: The Nation
ပုံစာအညွှန်း။ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို ဩဂုတ်လ ၂၂ရက်က ဒွန်မောင်းလေဆိပ်မှာ တွေ့ရစဥ်
Feature Image Credit: CNZ