ထိုင်းပါလီမန်ရဲ့ ဇူလိုင် ၂၇ရက် မဲပေးရွေးကောက်မှုအစီအစဉ်မှာဖူထိုင်းပါတီက ဆရက်သာသာဗီဆင်မဲအဆုံးအဖြတ်ခံယူဖွယ်ရှိ

ထိုင်းပါလီမန်အစည်းအဝေးကို ဇူလိုင် ၁၃ ရက်က တစ်ကြိမ် ဇူလိုင် ၁၉ရက်က တစ် ကြိမ်ကျင်းပတယ်။ ရှစ်ပါတီညွန့်ပေါင်း အင်အားစုနာမည်စာရင်းတင်သွင်းထားတဲ့ အသက်၄၂နှစ်အရွယ် ဝန်ကြီးချုပ်လောင်း ပီတာလင်မ်ဂျရိုယင်ရတ် ပထမအကြိမ်မှာ မဲရှုံး ဒုတိယအကြိမ်မှာနာမည်စာရင်းတင် သွင်းမှု ပယ်ချခံရတယ်။

ပထမအကြိမ်မဲရှုံးတော့ လက်မလျှော့ဘူးလို့ပြောတဲ့ ဝန်ကြီးချုပ်လောင်းပီတာနဲ့ သူ့ဖက်ကအားပေးထောက်ခံသူတွေရဲ့ မျှော်လင့်ချက်ဟာ ဒုတိယအကြိမ်ပါလီမန်အစည်းအဝေးမှာ ပြိုပျက်ခဲ့ရတယ်။

လူငယ်မျိုးဆက်အများစုအပါအဝင်ထိုင်းမဲဆနရှင်တွေ တခဲနက်အားပေးထောက်ခံတဲ့ ဝန်ကြီးချုပ်လောင်း အာဏာရရမှာကို စစ်တပ်နဲ့ဘုရင့်ဖက်တော်သားတွေက ပိတ်ဆို့လိုက်လို့ အာဏာရှင်အနိုင်ကျင့်တာ ဒီမိုကရေစီခံလိုက်ရတယ်ဆိုပြီး အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေက မီဒီယာတွေမှာ ရေးသားထုတ်လွှင့်တယ်။

ဘာပဲဖြစ်ဖြစ် ဥပဒေနဲ့အညီ ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ဆိုတဲ့ ထိုင်းဝန်ကြီးချုပ်ရွေးကောက်တင်မြှောက်မှုကို လက်ရှိမူဘောင်ထဲက ဆက်လက်ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် လာမယ့် ဇူလိုင် ၂၇ရက် မဲပေးရွေးကောက်မှုအစီအစဉ်မှာနောက်ဝန်ကြီးချုပ်လောင်း အာဏာရသင့်မရသင့် ပါလီမန်အမတ်တွေက မဲခွဲဆုံးဖြတ်ကြမယ်လို့ ထိုင်းပါလီမန်ဥက္ကဋ္ဌကပြောတယ်။

မဲအများဆုံးရခဲ့တဲ့ ရှေ့သို့လှမ်းချီပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဖြစ်မလာနိုင်တာသေချာသွားပြီဆိုတော့ မဲဒုတိယအများဆုံးရခဲ့တဲ့ ဖူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအမည်စာရင်းတင်သွင်းရမယ်။ ဘုမ်ကျိုင်ထိုင်း၊ ပါလန်းပရာချရတ်သ်နဲ့ ချတ်ထိုင်းပတ်တနာပါတီတွေက ဖူထိုင်းနဲ့မဟာမိတ်ဖွဲ့မယ်။

သုံးပါတီကိုယ်စားပြုပါလီမန်အမတ်စုစုပေါင်း ၂၈၂ဦးရှိတယ်။ ရှေ့သို့လှမ်းချီပါတီပါလို့တော့မရဘူးလို့ ချတ်ထိုင်းပတ်တနာပါတီခေါင်းဆောင် ဗရာဝပ်ဆီလ်ပါချာကတော့ အပြတ်ပြောတယ်။

ဖူထိုင်းပါတီက ဝန်းကြီချုပ်လောင်းအမည်စာရင်းတင်သွင်းမယ်ဆိုရင် သုံးဦးရှိတဲ့အနက် အသက် ၆၀အရွယ် ဆောက်လုပ်ရေးလုပ်ငန်းရှင်နိုင်ငံရေးသမား ဆရက်သာ သာဗီဆင်ကို တင်သွင်းပြီ မဲအဆုံးအဖြတ်ခံယူဖွယ်ရှိတယ်လို့ သုံးသပ်ကြတယ်။

Ref: Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *