ထိုင်းနဲ့မြန်မာနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တ ရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေး

ထိုင်းနဲ့မြန်မာနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေဖြစ်ကြတဲ့ ဦးသန်းဆွေနဲ့မစ္စတာပန်ပရီဘာဟီဒါနူကာရာတို့ဟာ တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူး ပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အ ဝေးကို တက်ရောက်ရင်း သီး ခြားတွေ့ပွဲအဖြစ် ဒီဇင်ဘာလ ၇ရက် မနက်၁၀နာရီခွဲက ပေကျင်းမြို့ရဲ့ China World ဟို တယ်မှာ တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတွေ့ဆုံကြရာမှာ နှစ်နိုင်ငံအ ကြား အာဆီယံဒေသတွင်းနဲ့နိုင်ငံတကာမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအ ပါအဝင် နယ်စပ်ဒေသလုံ ခြုံရေး၊ တည်ငြိမ်အေး ချမ်းရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အ လုပ်သမားများ အနေနဲ့ တရားဥပဒေအရ ၎င်းတို့ ရပိုင်ခံစားခွင့်များ ရရှိစေရေးနှင့် အကာအကွယ်ပေးသွားရေး၊ နယ်စပ်ဒေသရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးအပ်နိုင်မှု အလား အလာများ၊ မြန်မာနိုင်ငံ အ ရှေ့မြောက်နယ်စပ်ဒေသများမှာ ပိတ်မိနေတဲ့ ထိုင်းနိုင် ငံသားများအား နေရပ်ပြန်လည် ပို့ဆောင်ရေးတို့အပါ အဝင် မြန်မာ- ထိုင်းနိုင်ငံတို့ကြားက ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးနဲ့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားရေးတို့အပေါ် ရင်းနှီးပွင့် လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင် ငံခြားရေးဝန်ကြီးဦးသန်းဆွေဟာ ဒီဇင်ဘာလ၆ရက်နေ့ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့တွေ့ဆုံခဲ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့နိုင်ငံ ရေးမှာ အ မျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အမြန်ဆုံး ဖြစ်ပေါ်စေဖို့ မျှော်လင့်နေတယ်လို့ ထုတ်ပြန်ကြေ ညာခဲ့ပါသေးတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *