ထိုင်းနိုင်ငံ အတွင်း နေ့စဥ် ကိုဗစ် – ၁၉ ကူးဆက်ခံရမှု ၅၀၀၀ နီးပါး ရှိလာနိုင်တယ်လို့ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးပြောဆို

ဘန်ကောက်မြို့က ဘန်ဆူး ဂရင်းစင်တာမှာ Covid-19 ကာကွယ်ဆေးကို ထိုးနှံနေပုံ

ဘန်ကောက်၊ ဇူလိုင် ၁၅

ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက် ကိန်းကဏန်းတွေ အရဆိုရင် နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုက နေ့စဥ်  လူ၅၀၀၀ လောက်အထိကို မြင့်တက်လာနိုင်တယ်လို့  ထိုင်းနိုင်ငံမှာ သက်တမ်း အရင့်ဆုံးလည်းဖြစ်၊ အကြီးဆုံးလည်း ဖြစ်တဲ့  ဘန်ကောက် ဆီရီရပ်ဆေးရုံ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဌာန က  ကျွမ်းကျင်သူ  ပါမောက္ခနီထီပထနာ ချိအဲရာကူ က ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဇူလိုင် ၁၄ရက်နေ့ က သတိပေးပြော ဆို လိုက်ပါတယ်။

ထိုင်းကျန်းမာရေးဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်အရ မှတ်တမ်းတင်ထားတဲ့ ကိုဗစ်-၁၉ လူနာသစ်  ၂၂၅၇ဦး အထိရှိနေပြီး ၇၇၀ဦးကိုတော့  သက်ဆိုင်ရာ ဆေးရုံတွေမှာ အဆုတ်လမ်း ကြောင်းဆိုင်ရာ ကုသမှုတွေ ပေးနေရတယ်လို့ ဖော်ပြပါရှိပါတယ်။ သေဆုံးလူနာကတော့ ၂၈ဦး လို့ဆိုပါတယ်။ လက်ရှိကူးဆက်ခံထားရတဲ့ လူနာအများစုကတော့ ရောဂါလက္ခဏာ ပြင်းထန်တာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုတွေ အသစ်ပြန်စဖို့ လုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ လက်ရှိအခြေအနေမှာတော့ ရောဂါကူးစက်ခံရတဲ့သူတွေထဲ့ကမှ သုံးပုံ တစ်ပုံလောက်က ကျန်းမာရေးဌာနကို သတင်းပို့တာမျိုး မလုပ်ဘူးလို့လည်း ပါမောက္ခနီထီပထနာ က ပြောပါတယ်။

ဆိုခဲ့ပေမယ့် လက်ရှိကူးစက်ခံရသူတွေက ရောဂါလက္ခဏာက မပြင်းထန်ဘဲ ကူးစက်ခံရထားရတာကိုတောင် မသိဘဲ ဖြစ်နေတာတွေ ရှိနေနိုင်တာမို့ ဒီနေ့ ကူးစက်ခံထားရတဲ့သူတွေက သက်ဆိုင်ရာ ကျန်မာရေးစင်တာတွေကို လာပြီး သတင်းမပို့တာ လည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အဲ့ဒိကတဆင့် ဆင့်ပွားပြီး သုံးသပ်ရရင်တော့ ရောဂါကူးစက်ခံထားရသူအရေအတွက်က တရားဝင်ထုတ်ပြန်တဲ့ အရေအတွက်ထက် လက်တွေ့မှာ ပိုများနေမှာ အသေအချာပဲ လို့ ပါမောက္ခထီပနီက သတိပေး ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

Ref: Bangkok Post

 Photo Credit: Varuth Hirunyatheb

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *