“အင်အားတိုင်း အမှန်တရားမဟုတ် အမှန်တရားကသာ အင်အားပါ”

photo Credit: Thai PBS WORLD
ပီတ ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၁၉၈၀ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ မွေးဖွားခဲ့တာမို့ အသက် ရွယ်အားဖြင့် ၄၂နှစ်ပါ။
ထိုင်းအစိုးရ အရာရှိ မိသားစုကနေ မွေးဖွားကြီးပြင်းလာသူဖြစ်ပြီး ၀န်ကြီးချုပ် သက်ဆင် ရှင်နာဝပ်ရဲ့ အနီးကပ် လက် ထောက် တစ်ဦးဖြစ်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ အတွင်းဝန်ဟောင်း ပဒွန် လင်ဂျာရွန်ရက် ရဲ့ တူ တော်စပ်သူလည်း ဖြစ်ပါ တယ်။
ထိုင်းနိုင်ငံ တမားဆက် တက္ကသိုလ်က (BBA) ဘွဲ့၊ အမေရိကန်နိုင်ငံ ဟားဘတ်တက္ကသိုလ်က (MPP) ဘွဲ့၊ အမေရိကန်နိုင်ငံ ကိန်းဘရစ်ချ်မြို့ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်က (MBA) ဘွဲ့ စတာတွေ လေ့လာသင်ယူ တတ်မြောက်ထားသူ လည်း ဖြစ်ပါတယ်။
အသက်၂၅ နှစ်အရွယ်မှာ ဖခင် ဖြစ်သူသေဆုံးခဲ့လို့ မိသားစု ရဲ့ စားသုံဆီလုပ်ငန်းကို ဦးဆောင်ခဲ့ရသလို ၂၀၁၈ ကနေ ၂၀၁၉ခုနှစ်အထိ Grab Thailand ရဲ့ အမှုဆောင်ဒါရိုက်တာ အနေနဲ့လည်း လုပ်ကိုင်ခဲ့ပါတယ်။
ဒိနောက်တော့ ပီတဟာ Future Forward ပါတီကို ဝင်ရောက်ခဲ့ပြီးတဲ့နောက် ၂၀၁၉ အထွေထွေရွေးကောက်ပွဲမှာ ပါတီ ခေါင်းဆောင်ရဲ့ ရွေးချယ်ခံရမှု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မဲအောင်ကာ အောက်လွှတ်တော်မတ်တစ်ယောက် ဖြစ်လာခဲ့ ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ Move Forward ပါတီကို နိုင်ငံရေးမိတ်ဖက်တွေနဲ့ ထူထောင်ခဲ့ပြီး ၂၀၂၀ မတ်လ ၁၄ ရက်မှာ တော့ ပါတီခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။
ဒီနေ့မှာတော့ ၂၀၂၃ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် အသစ်တစ်ယောက် ဖြစ်လာဖို့ သေချာသလောက် ရှိနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
ပီတက ဘုရင်စနစ်ကိုလည်း မနှစ်မြို့သလို အာဏာရှင်စနစ်ကိုလည်း လက်မခံသူပါ။
၂၀၁၂ ခုနှစ်မှာ ထိုင်းရုပ်ရှင်မင်းသမီး ချူတီမာ ထီးပါနပ် နဲ့ လက်ထပ်ခဲ့ပြီး သမီးကလေးတစ်ယောက် ထွန်းကား ခဲ့ပါတယ်။ ၂၀၁၉မှာတော့ ကွာရှင်းခဲ့ကြပါတယ်။
ပီတ ရဲ့ လက်သုံးဆောင်ပုဒ်ကတော့ “အင်အားတိုင်း အမှန်တရားမဟုတ် အမှန်တရားကသာ အင်အားပါ” လို့ ဆိုပါတယ်။
Ref: Thai PBS, wikipedia
Cover Photo: သမီးငယ် ပစ်ပင်းမ် နဲ့အတူ တွေရတဲ့ ဝန်ကြီးချုပ်လောင်း ပီတ လင်ဂျာရွန်ရက် (photo Credit: Getty Images)