ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စျေးဝယ်စင်တာအတွင်း ပစ်ခတ်မှုဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသားအမျိုး သမီးအတွက် မြန်မာသံရုံးက လိုအပ်တာတွေ ကူညီဆောင် ရွက်ပေးနေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စျေးဝယ်စင်တာအတွင်း ပစ်ခတ်မှုဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသားအမျိုး သမီးအတွက် မြန်မာသံရုံးက လိုအပ်တာတွေ ကူညီဆောင် ရွက်ပေးနေတယ်လို့ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးကသတင်းထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးဟာ မမိုးမြင့်(၃၁နှစ်)ဆိုသူဖြစ်ပြီး မွန်ပြည်နယ်၊သထုံမြို့မှာနေထိုင်ပြီး ထိုင်းနိုင်ငံ၊ဘန်​ကောက်မြို့က Take Toys Co., Ltd မှာ အလုပ်လုပ်ကိုင်နေသဖြစ်ပါတယ်။

မြန်မာသံရုံးအနေနဲ့ သထုံမြို့မှာ နေထိုင်တဲ့ သေဆုံးသူရဲ့ မိခင်ထံကို ဆက်သွယ်ပြီး ကျန်ရစ်သူမိသားစုဝင်များရဲ့ ဆန္ဒအရ သေဆုံးသူ ဒေါ်မိုးမြင့်ကို ၈-၁၀-၂၀၂၃ ရက်မှာ Changwattana ဘုန်းကြီးကျောင်းမှာကောင်းမွန်စွာ မီးသင်္ဂြိုလ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *