ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နာမည်ကြီး ကုန်တိုက်တစ်ခုမှာ သေနတ်ပစ်ခတ်မှုဖြစ် နှစ်ယောက်သေ ငါးယောက်ဒဏ်ရာရ

ကယ်ဆယ်ရေးအဖွဲ့တွေ အပါအဝင် မီဒီယာအဖွဲ့တွေကို ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ ကုန်တိုက်ရှေ့မှာ တွေ့ရပုံ
Photo Credit: AFP

ဘန်ကောက်၊ အောက်တိုဘာ ၄

မြို့တော်ဘန်ကောက်မှာရှိတဲ့ နာမည်ကြီး ကုန်တိုက်ကြီး တစ်ခု ဖြစ်တဲ့ စီယမ် ပါရာဂွန်မှာ အောက်တိုဘာ ၃ရက် အင်္ဂါနေ့ လူစည်ကားချိန်မှာ သေနတ်ပစ်ခတ်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ယောက်သေဆုံးပြီး ငါးယောက် က ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်တဲ့သူက အသက် ၁၄နှစ်အရွယ် လူငယ်လေး တစ်ယောက်ဖြစ်ပြီး သူ့ကို အခင်းဖြစ်တဲ့ နေ့ မှာပဲ ထိုင်းရဲတပ်ဖွဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံလူငယ်ရဲ့  စိတ်ပိုင်းဆိုင်ရာ  နောက်ခံ အခြေအနေတွေကို သိနိုင်ဖို့ လုပ်နေသလို တစ်ဖက်မှာလည်း  သူ့ရဲ့ အွန်လိုင်းဂိမ်းကစားဖော် သူငယ်ချင်းတချိုနဲ့ စကားပြောဖို့ ရဲတပ်ဖွဲက ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

ပစ်ခတ်မှု့ကြောင့် ဒဏ်ရာရသွားသူ ငါးယောက်ထဲမှာ ထိုင်းသုံးယောက်၊မြန်မာတစ်ယောက်နဲ့ တရုတ်တစ်ယောက် ပါတယ်လို့ ရဲ့တပ်ဖွဲက ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာ သေနတ်ကိုင်ဆောင်မှု နဲ့ ဆိုင်တဲ့  စည်းမျဥ်းစည်းကမ်းတွေကို တင်းကျပ်ထားပေမယ့်လည်း လက်နက်တွေကို တရားမဝင် နိုင်ငံခြားက ခိုးသွင်းလာတဲ့သူတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။

၂၀၂၀ခုနှစ်က ထိုင်းစစ်သားတစ်ယောက်ရဲ့  ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၉ယောက် သေဆုံးပြီး ၅၇ယောက် ဒဏ်ရာရခဲ့ တဲ့ အဖြစ်အပျက်တစ်ခု အရှေ့မြောက်ပိုင်း နခွန်ရတ်ဆီမာမြို့ဧရိယာမှာ ဖြစ်ခဲ့ဖူးပါတယ်။

အစိုးရသစ်ဟာ  တရုတ်နိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် ပေးပြီး ခရီးသွားဝင်ရောက်မှု တိုးမြင့်လာအောင် ကြိုးစားနေချိန်မှာ အခုလို ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

Ref: Reuters/yb

ပုံစာ။ ပစ်ခတ်မှု ဖြစ်ပြီးချိန်ကုန်တိုက်မြင်ကွင်း

Feature Image Credit: Reuters

Visited 29 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *