ထိုင်းနိုင်ငံ နောင်ကြောတ်ရပ်၊ နောင်ကြောတ်ဈေးရှေ့ တွင် မြန်မာ အယောက် ၂၀ ခန့် နေထိုင်သည့် ပျဉ်ထောင်အိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် အဝတ်ထည် ၊ အစားသောက်၊ အသုံးဆောင်ပစ္စည်းများ ၊ရွှေငွေများအားလုံး မီးလောင်ဆုံးရှုံးခဲ့ရသည့်အတွက် အလှူရှင် SOS ဖောင်ဒေးရှင်း နှင့် နောင်ကြောတ်ခရိုင် ညှိနိုင်းရေးကော်မတီ လူမှုဖူလုံရေး အဖွဲ့ဝင်များက မေလ ၂၈ ရက်တွင် အစားသောက်၊ သောက်ရေသန့်၊အဝတ်ထည်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။




