ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် လေကြောင်းလိုင်းမှ ယနေ့ပထမဦးဆုံး ၂၄၆ယောက် ပို့လွတ်

၂၉ ဧပြီ၊၂၀၂၄

မြဝတီတွင် တိုက်ပွဲကြောင့် MoU စနစ်ဖြင့် ထိုင်းသို့ လုပ်သားစေလွှတ်ရေး မနှောင့်နှေးစေရေးအတွက် သက်ဆိုင်ရာက လေကြောင်းလိုင်းမှနေ၍ တင်ပို့ရေးစီစဉ်ခဲ့ရာ ယနေ့တွင် ပထမဦးဆုံးအသုတ်အား တင်ပို့

လိုက်ပြီဟု သိရသည်။

၄င်းတို့သည် ရန်ကုန်လေဆိပ် မှ ထိုင်းနိုင်ငံ ဒွန်မောင်း လေဆိပ် သို့ ယနေ့တွင်ပင် ရောက်ရှိလာပြီဟု မြန်မာသံရုံးက အတည်ပြုသည်။

အမျိုးသမီး ၁၃၀ ပါသည့် ပထမဦးဆုံးအသုတ် ၂၄၆ဦး အား မြန်မာသံရုံးမှ အလုပ်သမားသံမှူးနှင့်အဖွဲ့၊ထိုင်းဘက်မှတာဝန်ရှိသူတို့က ကြိုဆိုပေးကြသည်။

လိုအပ်သော ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ပြီး လုပ်ငန်းခွင်သို့ ဝင်နိုင်ရေး ဆက်လက်လုပ်ဆောင်နေသည်ဟုသိရသည်။

Visited 32 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *