
ဓါတ်ပုံ။ ဆန်မ်ချိုင်း ပွန်းလပ်
ဘန်ကောက်၊ ဇွန် ၂၇
လာမယ့် ၂၀၂၂ခုနှစ် ဇူလိုင် ၁ရက်နေ့က စပြီး ထိုင်းနိုင်ငံ ကို လေကြောင်းကနေ ဝင်လာတဲ့ ခရီးသည်တိုင်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့် ထိုးထားတဲ့ အထောက်အထားစာရွက် ဒါမှမဟုတ် ကိုဗစ်ကင်းစင်ကြောင်း ၇၂နာရီအတွင်း စစ်ဆေးထားတဲ့ ထောက်ခံချက်စာရွက်ကို ပြလိုက်ရုံနဲ့ ဘာမှ စစ်ဆေးမေးမြန်း တာမျိုးထပ်မလုပ်ဘဲ ထိုင်းနိုင်ငံထဲ ကို တန်းပြီးဝင်ရောက်နိုင်တော့မယ်လို့ သိရပါတယ်။
အဆိုပါ သတင်းကို ဒီနေ့ ဇွန်လ ၂၇ ရက်နေ့မှာ CAAT( Civil Aviation Authority of Thailand ) လို့ခေါ်တဲ့ ထိုင်းနိုင်ငံမြိုပြလေကြောင်းအာဏာပိုင်တွေက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီနေ့ထုတ်ပြန်ချက်က လာမယ့် သောကြာနေ့ ဇူလိုင် ၁ရက် နေ့မှာ စပြီး အသက်ဝင်တော့မှာ ဆိုတဲ့ အကြောင်းကိုလည်း ထိုင်းနိုင်ငံ လေဆိပ်တွေကို ဝင်ထွက်ဆိုက်ရောက်နေတဲ့ ပြည်တွင်းပြည်ပ လေကြောင်းလိုင်းတွေ အားလုံးကို အသိပေး အကြောင်းထားပြီးပြီလို့လည်း ပြောပါတယ်။
ဒါ့အပြင် လေကြောင်းကနေဝင်ရောက်လာတဲ့ ခရီးသည်တွေအနေနဲ့ ဆိုက်ရောက်လာမှု့ကို စာရင်းပေးသွင်းရတဲ့ ( PASS SYATEM) စနစ်ကိုပါ တစ်ပါတည်း ရုပ်သိမ်းလိုက်ပြီလို့ CAAT က တာဝန်ရှိသူတွေက ထပ်ဆင့် ကြေငြာထားပါတယ်။
ထိုင်းလေကြောင်းအာဏာပိုင်တွေအနေနဲ့ စည်းကမ်းတော်တော်များများကို ဖြေလျော့ပေးလိုက်ပြီး ဆိုပေမယ့် လေယာဥ်ပေါ်မှာ စီးနင်းလိုက်ပါနေချိန် မတ်စ် မျက်နှာဖုံးတွေ မပျက်မကွက်တပ်ကြဖို့ တိုက်တွန်းထားပါတယ်။ အကြောင်းက လေလုံခန်းဖြစ်နေတာကြောင့်လို ဆိုကြောင်းပါ။
Ref : BANGKOK POST