ထိုင်းနိုင်ငံမှာ MoUနဲ့ လာရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားများကို One Stop Serviceဖြင့် U-Turnများဆောင်ရွက်ပေးနေ

ထိုင်းနိုင်ငံမှာ MoUနဲ့ လာရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားများအတွက် အချိန်တိုတိုနဲ့ U-Turn ကိစ္စများဆောင်ရွက်ပေးနိုင်ဖို့ စက် တင်ဘာလ၅ရက်က ထိုင်းနဲ့မြန်မာနှစ်နိုင်ငံရဲ့ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူများ

အစည်းအဝေးပြုလုပ်ပြီး One Stop Serviceဖြင့် U-Turnကိစ္စများကို ဆောင်ရွက်ပေးနေပြီလို့ စက်တင်ဘာလ၇ရက်က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန် ကြေညာခဲ့သည်။

U-Turnကိစ္စများကို ဆောင်ရွက်ပေးရာမှာ မဝတီမြို့နဲ့ကော့သောင်းမြို့တို့မှာ ပြုလုပ်ပေးမှာဖြစ်ပြီး တစ်ရက်ကို မြဝတီမြို့မှာ မြန်မာလုပ်သား ၇၀၀ ခန့်ကို လည်းကောင်း၊ ကော့သောင်းမြို့မှာ ၃၀၀ ခန့်ကို လည်းကောင်း စက်တင်ဘာလ၁၁ရက်ကစတင်ပြီး One Stop Serviceနဲ့ U-Turn ပြုလုပ်ပေးရေးစီစဉ်ပေးသွားမှာလို့ သိရပါတယ်။

ထိုင်းနဲ့မြန်မာနှစ်နိုင်ငံရဲ့ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူများအနေနဲ့ အစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေးခဲ့သည်များမှာ

(က) ထိုင်းအလုပ်ရှင်မှ အလုပ်ခေါ်စာနှင့် အလုပ်သမားအမည်စာရင်း ပူးတွဲ၍ ထိုင်းနိုင်ငံ၏ နယ်မြေအလုပ်သမားရုံးသို့ တင်ပြခြင်း၊

(ခ) နယ်မြေအလုပ်သမားရုံးမှ ထိုင်းအလုပ်အကိုင်ဌာနသို့ ပေးပို့ခြင်း၊

(ဂ) ထိုင်းအလုပ်အကိုင်ဌာနမှ မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ပေးပို့ခြင်း၊ မြန်မာအလုပ်သမားသံအရာရှိရုံးမှ စိစစ်ခြင်းနှင့် ထိုင်းအလုပ်အကိုင်ဌာနသို့ ပြန်လည်ပေးပို့ခြင်း

(နေပြည်တော်သို့ ပို့ဆောင်ရန်မလို)၊

(ဃ) အလုပ်ရှင်မှ ထိုင်းအလုပ်အကိုင်ဌာနတွင် Work Permit လျှောက်လွှာတင်ခြင်း၊ ငွေသွင်းခြင်း၊ ပြန်လည်ဝင်ရောက်ရမည့် နယ်စပ်ဂိတ်သတ်မှတ်ပေးခြင်း၊ မြန်မာအလုပ်သမား သံအရာရှိရုံးသို့ ပြန်ပို့ခြင်း၊

(င) အလုပ်သမားအေဂျင်စီနှင့် အလုပ်သမားများသည် မြဝတီ၊ သို့မဟုတ် ကော့သောင်းမြို့တို့ရှိ One Stop Service ရုံးသို့ သွားရောက်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ OWICကဒ်ထုတ်ပေးခြင်း၊ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဗီဇာရယူခြင်းတို့ပဲဖြစ်ပါတယ်။

အထက်ပါလုပ်ငန်းစဉ်များမှာ အလုပ်ရှင်၊ အလုပ်သမားအေဂျင်စီများအနေနဲ့ လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်ဖြစ်ပါသည်။ အလုပ်သမားအေဂျင်စီတို့ရဲ့ ရုံးလုပ်ငန်းများ ပြီးစီးပါက MoU လုပ်သားများသည် ၃ ရက်၊ သို့မဟုတ် ၄ ရက်သာ အချိန်ပေးခြင်းနဲ့ U-Turn လုပ်ငန်းစဉ်ကို အချိန်တို/ငွေကုန်ကျမှု သက်သာစွာနဲ့ နယ်စပ်မြို့ ၂ မြို့မှာပင် ပြီးမြောက်စွာ ဆောင်ရွက်နိုင်ကြတော့မှာ ဖြစ်ပါတယ်။အမည်ပျက်စာရင်းဝင်သွားတဲ ကုမ္ပဏီများက ပို့ဆောင်ထားတဲ MoU လုပ်သားများအနေနဲ့လည်း အလုပ်ရှင်နှင့်MoU လုပ်သားရဲ့ သဘောဆန္ဒအတိုင်း အခြားကုမ္ပဏီတစ်ခုကို အမည်သွင်းပြီး U-Turn ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *