ထိုင်းနိုင်ငံ၊ဆာမတ်ပရာကန်ပြည်နယ်၊Bang Phli အရပ်ဒေသရှိ ရေကန်ကြီး တစ်ခု ထဲမှာ ဇွန်လ၂၇ရက်က မြန်မာအမျိုးသား တစ်ယောက် ရေနစ်သေဆုံးမှုတစ်ခု ဖြစ် ပွားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကနေ သိရပါ တယ်။
ရေနစ်သေဆုံးသွားသူဟာ အသက်၄၁ နှစ်အရွယ် မြန်မာနိုင်ငံသား စောနောင် ဆိုသူဖြစ်သူဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ် လုပ်ဖို့ရောက်ရှိလာသူဖြစ်ပါတယ်။သူ ဟာ အရက်သေစာသောက်စားတတ်သူ တစ်ယောက်ဖြစ်တာကြောင့် အလုပ်ရှာ ရာမှာ အခက်အခဲရှိနေပြီး ညီဖြစ်သူနဲ့ အတူနေထိုင်ကာ ထမင်းဟင်းချက်ဖို့ အ တွက်ရေကန်မှာ ကမာကောင်ရှာရင်း ရေနစ်သေသွားခဲ့တာ ဖြစ်တယ်လို့ ညီဖြစ် သူထံက သိရပါတယ်။
ရေနစ်သေဆုံးမှုနဲပတ်သက်ပြီး သေဆုံး သွားသူမြန်မာနိုင်ငံသားစောနောင်ဟာ ရေ နစ်ပြီး အသက်ရှုကြပ်ကာ သေဆုံးခဲ့တာ လို့ ထိုင်းရဲတပ်ဖွဲ့ ဆေးစစ်ချက်တွေအရ သိရပါတယ်။
