ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ သံသယဖြစ်ဖွယ် လူနာစတွေ့

ဘန်ကောက်၊ ဩဂုတ် ၂၁

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ကူးစက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာထားအပြီး  ထိုင်းနိုင်ငံမှာ မျောက်ကျောက်အမျိုးအစားသစ် ကူးစက် ခံထားရတဲ့လူနာလို့ သံသယရှိတဲ  ပထမဆုံးလူနာ တစ်ယောက်ကိုတွေ့ထားတယ်လို့ ထိုင်းကျန်းမာရေးဌာနက ဗုဒ္ဓဟူးနေ့ (သြဂုတ် ၂၁ ရက်) မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒိ သံသယလူနာဟာ အာဖရိကနိုင်ငံတစ်ခုကနေ  သြဂုတ် ၁၄ ရက်က ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ဥရောပ နိုင်ငံသားဖြစ်တဲ့အကြောင်း နိုင်ငံတော်ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ သောင်ချိုင်း က ပြောပါတယ်။ ဒါပေမယ့်  အာဖရိကက ဘယ်နိုင်ငံ ဆိုတာကိုတော့ နာမည်တပ် မပြောခဲ့ဘူးလို့ ဆိုပါတယ်။

ရောဂါပိုးကို အတည်ပြုဖို့  ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်နေချိန်မှာ လူနာ ကိုတော့ဆေးရုံမှာ သီးသန့်ခွဲထားတယ်လို့ သိရပါတယ်။

“ကျနော်တို့ စမ်းသပ်မှုတစ်ခုပြီးပါပြီ၊ သူမှာ မျောက်ကျောက်ပိုး သေချာပေါက်ရှိတယ်လို့ အဖြေထွက်ပါတယ်” လို့ မစ္စတာ သောင်ချိုင်းက AFP ကို ပြောပါတယ်။ ဒါပေမယ့် မျောက်ကျောက်အမျိုးကွဲတွေထဲက ဘယ်ဟာလည်း သိဖို့ နှစ်ရက်လောက်ထပ်စောင့်ရဦးမယ်ဆိုပြီး ပြောတယ်လို့ သိရပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါနဲ့ ယူဂန်ဒါစတဲ့ နိုင်ငံတွေမှာ ၂၀၂၄ခုနှစ် ဇူလိုင်လကစပြီး မျောက်ကျောက်ရောဂါ ဖြစ်ပွားနေပြီးရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုကမြင့်တက်လာနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲကြီးကလည်း မျောက်ကျောက်ရောဂါကို ကမ္ဘာ့အဆင့် ကူးစက်နိုင်တဲ့ သတိထားရမယ့်  အရေးပေါ် အခြေအနေဆိုပြီး ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၄ရက်က ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်။

Ref:CNA

ပုံစာ။ မျောက်ကျောက်လက္ခဏာကို တွေ့ရပုံ

Feature Image Credit: NEWS-MEDICAL

Visited 56 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *