ထိုင်းနိုင်ငံမှာ မျောက်ကျောက် လူနာ စတွေ့

မျောက်ကျောက်လူနာ တစ်ယောက်ရဲ့ လက်ဖဝါးပေါ်က အဖုအပိမ့် တစ်ခု

ဖူးကစ်(ထိုင်းနိုင်ငံ)၊ ဇူလိုင် ၂၁

ဘန်ကောက်ပို့စ် သတင်းစာရဲ့ ဒေသစံတော်ချိန် ည ၁၁နာရီ ၂၄ မှာ ဖော်ပြရေးသား လိုက်တဲ့ သတင်းအရ ထိုင်းနိုင်ငံ မှာ မျောက်ကျောက်ကူးစက်ခံထားရတဲ့ ပထမဆုံး လူနာတစ်ယောက် ရှိနေပြီလို့ သိရပါတယ်။

ထိုင်းကြက်ခြေနီအဖွဲ့ရဲ့ သံသယ လူနာအပေါ် ဓါတ်ခွဲစမ်းသပ်ချက်အရ  မျောက်ကျောက် ကူးစက်ခံနေရသူ ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။ လူနာ ဖြစ်တဲ့သူက နိုက်ဂျီးရီးယား ကနေ ထိုင်းနိုင်ငံ ဖူးကစ် ကမ်းခြေကို လာရောက် လည်ပတ်နေတဲ့ သူတစ်ယောက် လို့ သိရပါတယ်။

လူနာရဲ့ ပထမ အခြေအနေတွေက ဖျားနာပြီးချောင်းဆိုးတဲ့ အပြင် နှာရည်တွေအပါ ယိုလို့ ဆေးရုံကို တက်ပြီး ကုသမှုခံနေရပါတယ်။ အဲ့ဒိလိုကနေ လူနာရဲ့ လိင်အင်္ဂါမှာ အဖုအပိမ့်တွေ  စပေါက်လာတယ်။ ပြီးတော့ မျက်နှာနဲ့ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းနေရာတွေကို မျောက်ကျောက်က ပျံ့နှံ့သွားတယ်လို့ ဆေးမှတ်တမ်းတွေအရ  သိရတယ်။ လူနာကတော့ ကုသမှု ခံယူနေရဆဲပါ။

လတ်တလောမှာတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အရေးပေါ် အခြေအနေလို့ မသတ်မှတ်သေးပါဘူး။ ဒါပေမယ့် ၂၀၂၂ ဇူလိုက် ၂၂ သောကြာနေ့မှာတော့ မျောက်ကျောက်ရဲ့ အနေအထားက အမြင့်ဆုံးကူးစက်မှု အနေအထား ဟုတ်မဟုတ် ၊ အရေးပေါ် အခြေအနေ အဖြစ် ကမ္ဘာကို အသိပေးဖို့ ချိန်ခါ သင့် မသင့်  ဆွေးနွေးကြတော့မယ်လို့ သိပါတယ်။

Ref: Bangkok Post

Photo Credit: Reuters

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *