ထိုင်းနိုင်ငံဘုရင်မင်းမြတ်မဟာဗာဂျီရာလောင်ကွန်းကပါလီမန်(လွှတ်တော်)အစည်းအဝေးဖွင့်လှစ်ပေး

ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာ ဇူလိုင် ၃ရက်နံနက်က ကျင်းပတဲ့ ပါလီမန် (လွှတ်တော်)အစည်းအဝေးကို ထိုင်းနိုင် ငံရဲ့ဘုရင်မင်းမြတ်မဟာဗာဂျီရာလောင် ကွန်း ကြွရောက်ချီးမြှင့်ပြီး ဖွင့်လှစ် ပေးခဲ့ပါတယ်။ ဘုရင်နဲ့အတူ မိဖုရားစု သီဒါလည်း လိုက်ပါလာခဲ့တယ်။

အခုပါလီမန်မှာ ရှေ့သို့လှမ်းချီပါတီရဲ့ အမတ်အင်အားဝေစုကို စစ်တပ်အပေါ် သစ္စာရှိပေမယ့် ၂၀၁၄မှာ အာဏာ သိမ်းခံခဲ့ရတဲ့ ဖူထိုင်းပါတီက ရယူထား တယ်။ အဲဒီပါတီ (၂)ခုဟာ (၈)ပါတီမဟာ မိတ်အဖွဲ့ထဲမှာပါတယ်။ ပါလီမန်ဥက္ကဌ ရွေးခံရဖို့အတွက် ဒီနှစ်ပါတီက အများဆုံး ထောက်ခံမှဖြစ်လိမ့်မယ်။

ဒီလလယ်လောက်မှာ အဲဒီပါလီမန် ဥက္ကဌက ပါလီမန်ပူးတွဲအစည်းအဝေး ခေါ်ယူပြီး ဝန်ကြီးချုပ်သစ်ရွေးကောက် တင်မြှောက်ဖို့ ဆက်လက် ဆောင်ရွက် တဲ့အခါ ဝန်ကြီးချုပ်လောင်းဟာ ဥပဒေပြု ပါလီမန်အမတ် ၇၅၀ ရှိတဲ့အနက် ထက် ဝက်ကျော်ရဲ့ထောက်ခံမှုရမှ အာဏာရ လိမ့်မယ်။

လွန်ခဲ့တဲ့ ခြောက်ပတ်ကြာက ရွေးကောက် ပွဲမှာ မဲအများဆုံးရရှိခဲ့တဲ့ ရှေ့သို့လှမ်း ချီပါတီကဦးဆောင်ပြီးအစိုးရအဖွဲ့သစ်ဖွဲ့နိုင်ဖို့အတွက် တစ်ဆင့်တက်လှမ်းလို့ လာပါ ပြီ။ လူငယ်တွေရဲ့အထူးထောက်ခံအားပေး မှုနဲ့ ဘန်ကောက်မြို့တော်က မဲဆွယ် စည်း ရုံးပွဲတွေကြောင့် အောင်ပွဲရခဲ့တဲ့ အဲဒီပါတီ ဟာ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ ရှုတ်ထွေး ပြီးအခက်ကြုံနေရတယ်။

အသက်၄၂နှစ်အရွယ် ပီတာလင်ဂျရို ယင်ရတ် ဝန်ကြီးချုပ်ဖြစ်ဖို့ ထောက်ခံမဲ ၃၇၆မဲလိုလိမ့်မယ်။ လက်ရှိသူရထားတဲ့ ထောက်ခံမဲက ၃၁၂ ဆိုတော့ ၆၄မဲထပ် လို ဦးမယ်။

ဆီးနိတ်မှာ အားပေးထောက်ခံမှုအလုံအ လောက်ရထားပြီးပြီလို့ အရင်အပတ်က ပီတာပြောပေမယ့် သူ့အဖေဆီက ဆက်ခံရ ရှိခဲ့တဲ့ ရုပ်မြင်သံကြားကုမ္ပဏီရဲ့ ရှယ် ယာတွေကြောင့် ထိုင်းရွေးကောက်ပွဲ စည်း မျဉ်းတွေချိုးဖောက်သလိုဖြစ်နေတဲ့ကိစ စုံစမ်းနေဆဲဆိုတော့ ဘာဆက်ဖြစ်လာမလဲ မှန်းလို့မရဘူး။ ဘာတွေဘယ်လိုပဲပြောင်း လဲသွားသွား ရှေ့သို့လှမ်းချီနဲ့ဒီမိုကရေစီ အင်အားစုတွေ အဆုံးသတ် သွားမှာမ ဟုတ်ဘူးလို့ ပီတာကပြောခဲ့သေးတယ်။

ဇူလိုင်၃ရက် ညနေပိုင်းမှာ ရှေ့သို့လှမ်း ချီနဲ့ ဖူထိုင်းက ပရာချာချတ်ပါတီ ကိုယ် စားပြု အသက်၇၉နှစ်အရွယ် ဝမ်မူ ဟာ မက်နူးမာသာကို ပါလီမန်ဥက္ပဌ အဖြစ် ရွေးဖို့သဘောတူညီလိုက်ကြတယ်။ ဝမ်နူး ဟာ ဖူထိုင်းနဲ့အလွန်နီးစပ်တဲ့ မဟာမိတ် ဖြစ်ပြီး ဝန်ကြီးချုပ်သက်ဆင်အစိုးရ အဖွဲ့ ထဲမှာ ပါဝင်ခဲ့ဖူးတယ်။ ဇူလိုင်၄ရက်မှာ ပါလီမန်ဥက္ကဌအတည်ပြုခန့်အပ်မယ်လို့ မျှော်လင့်ရတယ်။ ရှေ့သို့လှမ်း ချီပါတီကဦးဆောင်ပြီး အစိုးရဖွဲ့နိုင်မယ့် အလားအလာကတော့ မရေရာသေးဘူး။

Ref: Reuters

Leave a Reply

Your email address will not be published. Required fields are marked *