ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး ထိုင်းထီအမြင့်ဆုံးဆု ဘတ်ငွေသိန်း ၁၂၀ ဆု ဆွတ်ခူး

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး ထိုင်းထီအမြင့်ဆုံးဆု ဘတ်ငွေသိန်း ၁၂၀ ဆု ဆွတ်ခူးခဲ့ကြောင်း ရွေ့ပြောင်းလုပ်သားများ အကူအညီပေးရေး မဟာမိတ်အဖွဲ့ (AAC) က သိရသည်။

အဆိုပါ ကံထူးရှင်မှာ ထိုင်းနိုင်ငံတောင်ပိုင်း သကွန်ပါနယ်မြေတွင် နေထိုင်သူဖြစ်ပြီး ဇွန်လ ၁ ရက်က ထိုင်းထီပေါက်စဉ်(125 272) ခြောက်လုံးတူနှစ်ဆောင်တွဲဖြင့် ထိုင်းဘတ် သိန်းတစ်ရာ့နှစ်ဆယ် (၁၂၀)ကံထူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထီဆုကြီးကံထူးသည့် မြန်မာရွေ့ပြောင်းလုပ်သားဖြစ်သူက AAC ထံ ဖုန်းခေါ်ဆို၍ ဆက်သွယ်အကူအညီတောင်းခံလာသောကြောင့် ဆုငွေကို နေ့ချင်းပြီးထုတ်ယူကာ လက်ဝယ်ပေးအပ်ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *