ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး မြန်မာလုပ်သား ၁၇၁ ဦး ယနေ့ ပြည်တော်ပြန်

ရနောင်း၊ ဧပြီ ၂၅

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး မြန်မာလုပ်သား ၁၇၁ ဦး ယနေ့ ပြည်တော်ပြန်ခဲ့ကြပြီ ဖြစ်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက သိရသည်။

ယင်းတို့မှာ ထိုင်းနိုင်ငံရှိ အကျဉ်းထောင်နှင့် အချုပ်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီးသူများ ဖြစ်ကြောင်း၊ထိုင်းအာဏာပိုင်များက ရနောင်းမြို့ဆိပ်ကမ်းက တစ်ဆင့် စက်လှေဖြင့် ကော့သောင်းမြို့သို့ ပို့ဆောင်ပေး ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု နေရပ်ပြန်ပို့ခဲ့သည်မှာ အမျိုးသမီး ၄၅ ဦး၊ အမျိုးသား ၁၂၆ဦး ဖြစ်ပြီး ကော့သောင်းတွင် ကိုဗစ်-၁၉ စစ်ဆေးခြင်း၊ ကိုယ် ရေး အချက်အလက်စစ်ဆေးခြင်း၊အသိပညာပေးခြင်းများပြုလုပ်ကာ သတ်မှတ်ထားသောအသွားအလာ စောင့်ကြည့် ရေး စင်တာတို့တွင် ထားရှိဦးမည် ဖြစ်ကြောင်း သိရသည်။

Visited 47 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *