ထိုင်းနိုင်ငံတွင် တအာင်းသံဃာတော်တစ်ပါး ပထမဆုံးအကြိမ် တိုက်နယ်ဥက္ကဋ္ဌဆရာတော်အဖြစ် တင်မြှောက်ခံရ

ချင်းမိုင်၊ မေ ၁-၄

ဆရာတော် စဝ်ခနံန်အဖုန် (Phrakhru Sh Mu Suph Chokh-Phothi Sa Ro) ကို ဖူးတွေ့ရပုံ
ဓါတ်ပုံ။ SPM

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖန်မြို့နယ် မွန်ပင်တိုက်နယ်တွင် တအာင်းသံဃာတော်တစ်ပါးအား ပထမဆုံးအကြိမ် တိုက်နယ် ဥက္ကဋ္ဌ ဆရာတော်အဖြစ် တင်မြှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်နယ်ဥက္ကဋ္ဌဆရာတော်အဖြစ် တင်မြှောက်သည့် အခမ်းအနားကို မေ ၁ ရက်က ၄ ရက်ထိ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆရာတော်၏ ဘွဲ့အမည်မှာ စဝ်ခနံန်အဖုန် (Phrakhru Sh Mu Suph Chokh-Phothi Sa Ro) ဖြစ်ကြောင်း၊တိုက် နယ် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ပွဲအခမ်းအနားသို့ ဖန်မြို့နယ် သူမြို့နယ်သားများ လာရောက်ပူဇော်ကြပြီး ထိုင်းနိုင်ငံ အတွင်း နေထိုင်ကြသော ရာနှင့်ချီသည့် တအာင်းလူမျိုးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကစ၍ ထိုင်းနိုင်ငံအတွင်း သို့ တအာင်းလူမျိုးများရောက်ရှိအခြေချနေထိုင်ခဲ့ကြကာ ယခု အခါ တအာင်းကျေးရွာ ၁၀ ရွာထက်မနည်း ရှိနေကြောင်းလည်း သိရသည်။

source-SPMNews

မှတ်တမ်းဓါတ်ပုံများ (SPM NEWS)

Visited 20 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *