ထိုင်းနိုင်ငံတွင် ကိုဗစ်မျိုးကွဲသစ် ကူးခံရကာ မြန်မာတစ်ဦး သေဆုံးဟုဆို

ဘန်ကောက်၊ ဧပြီ ၁၈

ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံတွင် ကိုဗစ်မျိုးကွဲသစ် ကူးခံရကာ မြန်မာတစ်ဦးသေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံတွင်း အခြေစိုက်သော ဒေသတွင်း သတင်းများတွင် ဖော်ပြရေးသားကြသည်။
XBB.1.16 ဟု အမည်ပေးထားသော အဆိုပါ မျိုးကွဲသစ်ကို တွေ့ရှိပြီး ဧပြီလ ၁၈ ရက်ထိ ကူးစက်ခံထားရသူ ၂၈ဦးရှိ ကြောင်း၊ ယင်းသေဆုံးသော မြန်မာအလုပ်သမားမှာ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်ကာ ဘန်ကောက်မြို့ ချန်လမ်းရှိ တိုက် ခန်းတစ် ခန်း အတွင်း သေဆုံးလျက်တွေ့ခဲ့ရပြီးနောက် ATK စစ်ဆေး ကြည့်ခဲ့ရာမှ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရခြင်း ဖြစ် ကြောင်း ၎င်း သတင်းများက ဆိုသည်။
အဆိုပါ XBB.1.16 ကိုဗစ်-၁၉ မျိုးကွဲမှာ လျင်မြန်ကူးစက်လွယ်ပြီး ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးထားသော်လည်း ကူးစက် မှု ရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *