ထိုင်းနိုင်ငံတွင်း တရားမဝင် ဖြတ်ကျော်သည့် မြန်မာ ၄၉ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံတွင်း တရားမဝင် ဖြတ်ကျော်သည့် မြန်မာ ၄၉ ဦး ကို ထိုင်းစစ်တပ်က ကန်ချနဘူရီခရိုင်၊ထောင်ဖာဖွန်မြို့နယ်၊ထာ့ခနွန်ကျေး၌ မေလ ၂၄ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခံရသူ မြန်မာအလုပ်သမား ၄၉ ဦး မှာ ရန်ကုန်၊ မော်လမြိုင်၊ ရခိုင်ပြည်နယ် တို့မှာ လာရောက်ခဲ့ကြသူများဖြစ်ကြောင်း၊ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင်ဘတ်ငွေ (၃၀၀၀၀) စီပေးချေခဲ့ရကြောင်း သိရသည်။

ယခုအခါ ဖမ်းဆီးရမိခဲ့သူများအား သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *