
Photo Credit: AFP
နရသီဝပ်၊ ဒီဇင်ဘာ ၂၆
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့အပြီး ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း သောင်းနဲ့ချီ ထိခိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၅ရက် တနင်္လာနေ့ မှာ ပြောဆိုခဲ့ပါတယ်။
ထိုင်းတောင်ပိုင်းက ယာလာနဲ့ နရသီဝပ် ပြည်နယ်တွေက စာသင်ကျောင်း တစ်ဒါဇင်လောက် ကို ပိတ်လိုက်ရပြီး နေအိမ် တွေနဲ့ ဈေးဆိုင်တွေကိုလည်း ညိုညစ်နေတဲ့ ရေတွေဖုံးလွှမ်းနေပြီး လူတွေက အပေါ်ထပ်တွေမှာ တက်ပြီး ခိုလှုံနေ ကြတာ ကို ဗီဒီယိုတွေက တစ်ဆင့် တွေ့ကြရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့ချိန် ပင်လယ်ပြင်မှာလည်း လှေငယ် ခုနစ်စင်းထက်မနည်း နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။
ရထားလမ်း တစ်ခုလည်း ပြိုကျခဲ့ပြီး မလေးရှားနယ်စပ်ကနေ ထိုင်း တောင်ဘက်ကို ဦးတည်လာနေတဲ့ ရထားတွေဟာ ကီလိုမီတာ ၁၀၀ အကွာ ယာလာမှာ ရပ်ထားရတယ်လို့ အစိုးရ ရထားကုမ္ပဏီက ပြောပါတယ်။
ရေကြီးမှု ပိုမိုဆိုးရွားလာခဲ့ရင်တော့ ပြည်နယ်ထဲက ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက သတိပေးထားတယ်လို့ သိရပါတယ်။
Ref: AFP/wk
ပုံစာ။ နေအိမ်တွေ ရေမြုပ်နေပုံ
Feature Image Credit: AFP



