ထိုင်းနိုင်ငံက အလိုရှိနေတဲ့ မူးယစ်တရား ခံပြေးတစ်ယောက် မြန်မာနိုင်ငံဘက်က လွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရာခံလွဲပြောင်းပေးစဥ်
ဓါတ်ပုံ။ CJ

တာချီလိတ်၊မတ် ၉

ထိုင်းနိုင်ငံကအလိုရှိနေတဲ့မူးယစ်တရားခံပြေး Mr. Jetsada Yapaingကို မတ်လ၉ ရက်နေ့က တာချီလိတ်မြို့၊ မြန်မာ-ထိုင်း နယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားမှာ မြန်မာနိုင်ငံတာဝန်ရှိသူတွေကနေ ထိုင်း နိုင်ငံကိုပြန်လည်လွှဲပြောင်းပေး အပ်ခဲ့ တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲ တပ်ဖွဲ့ကနေ သိရပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံပြန်လည် လွှဲပြောင်းပေးအပ်ခဲ့တဲ့ Mr. Jetsada Yapaing(ခ)မစ္စတာကျေ့စဒါးရာ ပိယမ့်(ခ) ကျေး(ခ)လီဖာဟာ မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကနေ ၁.၁၁. ၂၀၂၂ ရက်နေ့က တာချီလိတ်မြို့မှာ ဖမ်းဆီးရမိခဲ့ပြီး တာချီလိတ်မြို့မရဲစခန်းက  ရှမ်းပြည်နယ်ယစ်မျိုးအမိန့် အပိုဒ်- ၃ အရ ထောင်ဒဏ် ၂ လ နှင့် မြန်မာ နိုင်ငံ လူဝင်မှု ကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေပုဒ်မ ၁၃(၁)အရ ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခံခဲ့ပြီး ကျိုင်းတုံအကျဉ်း ထောင်မှာ ပြစ်ဒဏ်ကျခံလျက်ရှိရာမှ ပြစ်ဒဏ်ကလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

Mr. Jetsada Yapaing(ခ) မစ္စတာက ျေ့စဒါးရာပိယမ့်(ခ)ကျေး(ခ)လီဖာကို မြန်မာ နိုင်ငံက ထိုင်းနိုင်ငံပြန်လည်လွှဲပြောင်း အပ်ခဲ့ရာမှာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင် ဦး ဆောင်၍ အမှတ်(၃၀)မူးယစ်တပ်ဖွဲ့စု၊ တာ ချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူးသန်းစိုး နှင့် လူဝင်မှု ကြီးကြပ်ရေးမှူး ဦးဇေလင်းထွန်း တို့မှ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ် ရေးအဖွဲ့(ONCB) MR. THANWA PHUDPHONG, Expert Level, Narcotics Control Office Region 5 ၊ Mr. Chotipun Jullapech, Director of Safe Mekong Coordination Center Office of the Narcotics Control Board နှင့် Pol. Lt. Col. MontriInpreaw, Deputy Superintendent (ဒုခရိုင်လဝကမှူး၊ ကျင်းရိုင်ခရိုင်)တို့ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့တာလို့ သိရ ပါတယ်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC)နဲ့ ထိုင်းနိုင်ငံ၊ မူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) တို့ဟာ နှစ်နိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ပိုမိုနီးကပ်စွာ သတင်း ဖလှယ်ပူးပေါင်း ဆောင် ရွက် လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကျင်းပပြု လုပ်ခဲ့တဲ့ ၂၄ ကြိမ် မြောက် မြန်မာ-ထိုင်း နှစ် နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးမှာ မူးယစ်ဆေးဝါး တရားခံ ပြေးတွေ ဖော်ထုတ်ဖမ်းဆီးရေးနဲ့စပ်လျဉ်းပြီး ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ရာကနေ အခုလို ထိုင်းနိုင်ငံက အလိုရှိနေတဲ့ မူးယစ် တရားခံပြေး Mr. JetsadaYapaing(ခ)မစ္စတာကျေ့စဒါးရာပိယမ့်(ခ)ကျေး(ခ)လီဖာကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *