ထိုင်းနိုင်ငံက သံမဏိစက်ရုံ ကရိန်းပြိုကျမှုမှာ သေဆုံးခဲ့တဲ့ မြန်မာလုပ်သား၆ဦးအတွက် မြန်မာအလုပ်သမားသံအရာရုံးက အကူအညီပေးမှာဖြစ်

အလုပ်သမားသံမှူးနဲ့အဖွဲ့က မြန်မာအလုပ်သမားများ နစ် နာမှုမရှိစေရေးအတွက် ထိုင်းနိုင်ငံက တာဝန်ရှိသူတွေနဲ့တွေ့ ဆုံ

ထိုင်းနိုင်ငံ၊လရောင်ခရိုင်၊ Pluak Daeng မြို့က Sin Ker Yuan Co., Ltd ရဲ့ သံမဏိစက်ရုံ တည်ဆောက်ရေးလုပ် ငန်းခွင် ကရိန်းပြိုကျမှုမှာ သေဆုံးခဲ့တဲ့ မြန်မာလုပ်သား၆ဦးအတွက် မြန်မာအလုပ်သမားသံအရာရှိရုံးက အကူအညီပေးမှာဖြစ်တယ်လို့ အလုပ်သမားသံအ ရာရှိရုံးရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အလုပ်သမားသံမှူးနဲ့အဖွဲ့ဟာ မြန်မာနိုင်ငံသား (၆) ဦးသေ ဆုံးမှုနဲ့ပတ်သက်ပြီး သေဆုံးသူများရဲ့ မိသားစုဝင်များနှင့်တွေ့ဆုံခြင်း၊ သက်ဆိုင်ရာပြည်နယ်အုပ်ချုပ်ရေးမှူး၊ နယ် မြေ အလုပ်အကိုင်ဌာန (DoE)နှင့် အာဏာပိုင်အဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ထိခိုက်သေဆုံးသူအလုပ်သမားတစ်ဦးစီအတွက် ထိုင်းနိုင်ငံ၊ လူမှုဖူလုံရေးခံစားခွင့် ဥပဒေနှင့်အညီ အကျိုးခံစား ခွင့်ရရှိစေရေး ကူညီဆောင်ရွက်ပေးသွားဖို့ စီစဥ်ဆောင် ရွက်နေတယ်လို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *