ထိုင်းနိုင်ငံက လာမည့်နှစ်ကစ အီးယူနဲ့  လွတ်လပ်စွာ ကုန်သွယ်မှုကိစ္စ အကောင်အထည်ပေါ်ဖို့ မျှော်လင့်နေတယ်လို့ ဝန်ကြီးချုပ်က ပြောဆို

ဘန်ကောက်၊ မတ် ၁၂

ထိုင်းနိုင်ငံဟာ လာမယ့်နှစ် ၂၀၂၅အရောက် အီးယူနဲ့ လွတ်လပ်စွာ ကုန်သွယ်မှုအတွက် စေ့စပ်ညှိုနှိုင်းမှုတွေ အပြီးသတ်ဖို့ မျှော်လင့်ထားတယ်လို့  ဝန်ကြီးချုပ် ဆရက်သာ ထာဗီဆင်းက မတ်လ ၁၂ရက် အင်္ဂါနေ့မှာ ပြောဆိုခဲ့သလို စီးပွားရေး မြှင့်တင်ဖို့  အစိုးရက ကုန်သွယ်မှုနဲ့  ရင်းနှီးမြှုပ်နှံမှုတွေပါ မြှင့်တင်ဖို့ ကြိုးပမ်းနေပါတယ်လို့ ဆိုပါတယ်။

ထိုင်း-အီးယူ FTA ( Free Trade Agreement ) ဆိုင်ရာ ဆွေးနွေးပွဲဟာ တစ်နှစ်ခွဲအတွင်း အပြီးသတ်သင့်တယ်လို့ ပြင်သစ်သမ္မတ အိမန်နူရယ် မက်ခရွန်နဲ့  မတ်လ ၁၁ရက်နေ့က  ပြင်သစ်နိုင်ငံမှာ တွေ့ဆုံခိုက် ဝန်ကြီးချုပ် ဆရက်တာက  ပြောဆို့ခဲ့ကြောင်းလည်းသိရပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေမှာ  အရပ်သားအစိုးရကို စစ်တပ်က အာဏာသိမ်းပြီးနောက် အီးယူဟာ ၂၀၁၄ ခုနှစ်က စပြီး ကုန်သွယ်မှု ကိစ္စတွေ စေ့စပ်ညှိနှိုင်း တာကို ရပ်ထားခဲ့တာ ဆယ်စုနှစ် တစ်စု ကြာခဲ့ပြီလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက  ၂၀၂၃ခုနှစ်ထဲမှာ မော်တော်ယာဥ်တွေ၊ ကွန်ပျူတာတွေ၊ လက်ဝတ်ရတနာတွေ အပါအဝင်လျှပ်စစ်ဆားကစ်ပြားတွေ အီးယူကို ဒေါ်လာ ၂၁ဒသမ၈ ဘီလီယံဖိုး တင့်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါတင်သာမက ထိုင်းအစိုးရဟာ  ဥရောပသမဂ္ဂ အဖွဲဝင် ၂၇ နိုင်ငံ အနေနဲ့ ထိုင်းနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် ပေးလာအောင်အထိပါ ကြိုးစားနေသလိုဒီကိစ္စကိုလည်း ပြင်သစ်သမ္မတက ထောက်ခံပေးထားတယ်လို့လည်း သိရပါတယ်။

Ref: Reuters

ပုံစာ။ ပြင်သစ်နိုင်ငံမှာ ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ်

Feature Image credit:  Teresa Suarez/Pool via REUTERS

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *