ထိုင်းနိုင်ငံ၊စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာ မြို့က လူမှုဖူလုံရေးရုံးမှာ သြဂုတ်လ၂၂ ရက်နေ့က Smoosh Sea C-22 ဆီတင် သငေ်္ဘာ ပေါက်ကွဲမှုမှာ သေဆုံးသွားခဲ့ တဲ့ မြန်မာနိုင်ငံသား အလုပ်သမား၄ဦးရဲ့ မိသားစုဝင်များကို နစ်နာကြေးများ ပေး အပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အလုပ် သမားသံအရာရှိရုံး(ဘန်ကောက်)က သတင်းထုတ်ပြန်ခဲ့ပါတယ်။



မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာ ရှိ ရုံး(ဘန်ကောက်)အနေနဲ့ ဆီတင် သငေ်္ဘာပေါက်ကွဲမှုမှာ သေဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံသားအလုပ်သမား၇ဦး နစ်နာ မှုမရှိစေရေးအတွက် ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူများနဲ့စေ့စပ်ညှိနှိုင်းမှုများကို ဆောင်ရွက်ပေးခဲ့ပြီး အချက်အလက် ပြည့်စုံတဲ့ မြန်မာလုပ်သာ၄ဦးရဲ့မိသားစု ဝင်များကို နစ်နာကြေးများရရှိအောင် ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး နစ်နာကြေး ရရှိဖို့ ကျန်ရှိနေသေးတဲ့ မြန်မာလုပ်သား၃ဦးရဲ့မိသားစုဝင်များအတွက် နစ်နာကြေး များ အမြန်ဆုံးရရှိနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါ တယ်။

ဆီတင်သငေ်္ဘာပေါက်ကွဲမှုဖြစ်စဉ်မှာ ဖြစ်စဉ်မှာ စမုဆွန်ခါခရိုင်၊ မဲခေါင်မြစ် ခွဲအတွင်း၌ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် ရပ်နားထားတဲ့ ဆီတင် ယာဉ်သငေ်္ဘာ Smoosh Sea C22 ဟာ ၁၇-၁-၂၀၂၃ ရက် နံနက်၁၀နာရီက အလုပ် သမား(၃၀)ဉီးခန့်နဲ့ ဆီပိုက်လိုင်းများ ဂ ဟေဆော်တဲ့ လုပ်ငန်းများဆောင်ရွက် နေချိန် ပိုက်လိုင်းများအတွင်းရှိ ဆီ လက်ကျန်များမှတစ်ဆင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးလျက်ရှိသူများကို ရှာဖွေခဲ့ရာ ၁၇-၁-၂၀၂၃ ရက်မှာ မြန်မာနိုင်ငံသား(၁)ဦးရဲ့ ရုပ်အလောင်းကို စတင် ရှာဖွေတွေ့ရှိခဲ့ပြီး ၁၈-၁-၂၀၂၃ရက်နံနက်ပိုင်းမှာ မြန်မာနိုင်ငံသား(၆)ဦးနဲ့ ထိုင်းနိုင် ငံသား(၁)ဦးတို့ရဲ့ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေတွေ့ရှိခဲ့တာလို့ သိရ ပါတယ်။