
ဘန်ကောက်၊နိုဝင်ဘာ ၁၈
အရှေ့တောင်အာရှနိုင်ငံတွေမှာ ကိုဗစ်ကပ်ရောဂါ ငြိမ်သက်စပြုလာတဲ့အချိန် ကပ်ရောဂါအလွန်ကာလမှာ အရှေ့တောင်အာရှရဲ့ ကျန်းမာရေးကုသမှုဆိုင်ရာအချက်အချာနေရာ တစ်ခုအနေနဲ့ ရပ်တည်နေတဲ့ ထိုင်းနိုင်ငံဟာ သူနိုင်ငံကို လာပြီး ဆေးကုသမှုခံမယ့်သူတွေကို တစ်နှစ်ဗီဇာ စပြီးထုတ်ပေးဖို့ အသင့် ဖြစ်နေပြီလို့ သိရပါတယ်။
အစိုးရလက်ထောက်ပြောရေးဆိုခွင့်ရှိသူ သီပါနန် စရီချာနာက အင်္ဂါနေ့ (နိုဝင်ဘာ ၁၅ ရက်) မှာ အစိုးရအဖွဲ့ အနေနဲ့ ဆေးကုသခွင့်ပါမစ် ( ဆေးကုသခွင့်ဗီဇာ) ကိုလည်း အရင် ဘတ်၆၀၀၀ ကနေ ဘတ်ငွေ ၅၀၀၀ ကို လျှော့ချပေးဖို့အဆိုပြုခဲ့တယ်လို့လည်းဆိုပါတယ်။ ပါမစ်အသစ်ကို လာမယ့် ၂၀၂၃ ဇန်န၀ါရီလ ၁ ရက်နေ့က စပြီး ထုတ်ပေးတော့မယ် ဆိုတဲ့အကြောင်းလည်း သီပါနန်က ပြောပါတယ်။
ဆေးကုသခွင့်ဗီဇာနဲ့ နိုင်ငံခြားလူနာတွေကို ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၉၀ အထိ အများဆုံးနေထိုင်ခွင့်ပြုမယ် လိုလည်း သီပါနန် က ပြောဆိုပါတယ်။။ လျှောက်ထားသူတွေဘက်ကလည်း အနည်းဆုံး ဘတ် ၈သိန်း နဲ့ ညီမျှတဲ့ ငွေကြေးကျောထောက် နောက်ခံ အထောက်အထား အပါအဝင် ဆေးရုံနဲ့ဆိုင်တဲ့ အထောက်အထား တွေ ပူးတွဲတင်ပြဖို့လည်း လိုအပ်မှာဖြစ် ကြောင်းလည်း သိရပါတယ်။
ထိုင်းနိုင်ငံဟာ ကိုဗစ်အလွန်ကာလမှာ နိုင်ငံခြားဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းနေပြီး ဘန်ကောက် ဒူဆစ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုနဲ့ ဘန်ရွန်ဂရက် စတဲ့ဆေးရုံတွေလို ဆေးရုံအော်ပရေတာတွေက ဦးဆောင် ပြီး ကြိုးစားဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
အရှေ့တောင် အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးအင်အားတွေ လာမည့်နှစ် ၂၀၂၃မှာ ပြန်ဦးမော့လာဖို့ ခရီးသွား လုပ်ငန်းမှာ အားထည့်လုပ်ဆောင်နေတဲ့အကြောင်းလည်း ထိုင်းဘဏ်တစ်ခုက တာဝန်ရှိသူ တစ်ယောက်က ပြော ပါတယ်။
ကိုဗစ်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးပြီး ထိုင်းအစိုးရက ခရီးသွားလာမှုနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်အများစုကိုလည်း ထပ်ပြီးပယ်ဖျက်ပေးလိုက်တဲ့နောက်တော့ နိုင်ငံတစ်ကာက လာရောက်သူ အရေအတွက်ဟာ မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ရခဲ့တာ တွေ့မြင်ခဲ့ရပြီးလည်း ဖြစ်တယ်လို့ သိရပါတယ်။
Ref: The Business Time