ဘန်ကောက်၊ ဧပြီ ၃၀
၂၀၂၄ နှစ်ဆန်းကစလို့ ဒီနေ့ ဧပြီ လကုန်အထိ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့် ခရီးသည် အရေအတွက်က ၁၂သန်းကျော် ရှိခဲ့ပြီမို့ စံချိန်သစ်စာရင်း ဝင်ခဲ့ပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲကို လေလမ်း၊ကုန်းလမ်း တွေကနေတစ်ဆင့် ၂၀၂၄ခုနှစ် ဇန်နဝါရီလကနေစလို့ ဧပြီလ ၂၈ ရက်အထိ နိုင်ငံခြား ခရီးသွား ၁၁ ဒသမ ၉၅ သန်း လာရောက်လည်ပတ်ခဲ့ကြတယ်လို့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက အင်္ဂါနေ့ ဧပြီလ ၃၀ရက်နေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အဲ့ဒိကာလ တစ်လျှောက် နိုင်ငံခြားခရီးသွားလုပ်ငန်းကနေ ၀င်ငွေ ဘတ် ၅၇၅ ဘီလီယံ (ဒေါ်လာ ၁၅ဒဿမ ၅၂ ဘီလီယံ) ဝင်ငွေရခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဟာ အခုနှစ်မှာ နိုင်ငံခြားခရီးသွား သန်း ၄၀ လောက်အထိကို ပစ်မှတ်ထားနေပြီး ခရီးသွားလုပ်ငန်းကလည်း တိုင်းပြည်ရဲ့ အဓိက စီးပွားရေး မောင်းနှင်အား တစ်ခု ဖြစ်တယ်လို့လည်း ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
Ref: Reuters
ပုံစာ။ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်နေကြသူများ
Feature Image Credit: The Star



