
၂၀၂၃ အောက်တိုဘာ၃ ရက်နေ့၊ ညနေပိုင်းက ထိုင်းနိုင်ငံ Siam Paragon Shopping Mall ၌ ဖြစ်ပွား ခဲ့သော ပစ်ခတ်မှုဖြစ်စဉ်တွင် ကျည်ထိမှန်သေဆုံးခဲ့သည့် မမိုးမြင့် (၃၁-နှစ်) ၏ ဈာပနအား မနက်ဖြန်အောက်တိုဘာ၈ရက် တွင် Wat Phasuk Maneechak ၌ မီးင်္သဂြိုလ်နိုင်ရေးစီစဉ်ထားသည်ဟုသိရသည်။




ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Mr. Srettha Thavisin မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ထံသို့ ကျည်ထိမှန်သေဆုံးခဲ့သော မမိုးမြင့်အတွက်“ထိုင်းနိုင်ငံအစိုးရနှင့် ပြည်သူများ၏ကိုယ်စား သေဆုံးသူ၏ မိသားစုများနှင့် ချစ်ခင်သူများထံသို့ အဆွေတော်မှတစ်ဆင့် ထပ်တူဝမ်းနည်းပါသည်ဟု ပြောကြားလိုပါကြောင်း၊ ယခုကဲ့သို့ ဝမ်းနည်းဖွယ်အချိန်ကာလတွင် ထိုင်းနိုင်ငံအစိုးရ အနေဖြင့် သူမ၏ မိသားစုမှ လိုအပ်သည်များကို ကူညီပေးရန်အဆင်သင့်ရှိပါကြောင်း၊ နောင်တွင် အလားတူဖြစ်ရပ်မျိုး မဖြစ်ပေါ်စေရန်နှင့် နိုင်ငံခြားသားများအားလုံး လုံခြုံမှုရှိစေရန် အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ရေးသားထားသည့် ဝမ်းနည်းကြောင်း သဝဏ်လွှာကို အခင်းဖြစ်ပြီး ၂ရက်အကြာတွင် ပေးပို့ခဲ့သည်ဟု ထိုင်းနိုင်ငံမြန်မာသံရုံးက ထုတ်ပြန်ပြောသည်။