ထိုင်းတရားရုံးချုပ်က ဝန်ကြီးချုပ်ဟောင်း ယင်လတ်အပေါ်စွဲဆိုထားတဲ့ အမှုကို ပယ်ဖျက်ပေး

ဘန်ကောက်၊ မတ် ၄

 ထိုင်းတရားရုံးချုပ်ဟာ ၂၀၁၃ခုနှစ်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲတဲ့ ယင်လတ် အပေါ် စွဲဆိုခဲ့တဲ့ အမှုကို  မတ်လ ၄ ရက် တနင်္လာနေ့မှာ  ပိတ်သိမ်းလိုက်ပါတယ်။

သြဇာကြီး ရှင်နာဝပ်မိသားစုရဲ့  အထင်ကရပုဂ္ဂိုလ်ဖြစ်တဲ့ ယင်လပ်ဟာ  ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် သူ့ရဲ့ အစိုးရပါ ဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။ ဒီနောက်တော့ ဝန်ကြီးချုပ်တာဝန်ယူစဉ် ကာလမှာ တိုင်းပြည်နစ်နာစေခဲ့မှုကျူး လွန်ခဲ့တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရပါတယ်။ ယင်လတ်ကတော့ ထောင်ဒဏ်ကို ရှောင်လွှဲဖို့   ခြောက်နှစ်ကြာ နိုင်ငံရပ်ခြားမှာ နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။

တရားရုံးရဲ့  တညီတညွတ်တည်း ဆုံးဖြတ်ချက်ဟာ  လက်ရှိ အာဏာရပါတီဖြစ်တဲ့ ဖြူထိုင်းပါတီရဲ့  အာဏာရ ရှင်နာဝပ်မိသားစုအတွက် နောက်ဆုံးရလိုက်တဲ့  ရလဒ်ကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ ယင်လတ်နဲ့ အကိုရင်းတော်စပ်တဲ့သန်းကြွယ်သူဌေးကြီး သက်ဆင်ရှင်နာဝပ်ထရာ ကလည်း  လျှော့ပေါ့ ပြစ်ဒဏ် ခံအပြီး မကြာခင်ကပဲ အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ မတ်လ၄ရက် တနင်္လာနေ့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယင်လတ်အပေါ်  အစိုးရဆန်အပေါင်ခံအစီအစဉ် တစ်ခုကြောင့် တိုင်းပြည်အတွက်  ဘတ်သန်း ၂၅၀ (အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၁ သန်း)  ထိခိုက်နစ်နာစေတယ်ဆိုပြီး စွဲဆိုခဲ့တဲ့အမှု ကို ပလပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဖြစ်ရပ်တွေဟာ သြဇာကြီးတဲ့ သူဌေးကြီးဟာ သူနဲ့ ဆန်ကျင်ဘက် ဖြစ်ခဲ့ဖူးတဲ့ ထိုင်း စစ်တပ်နဲ့ ရှေးရိုးဆန်တဲ့ ဗျူရိုကရက်ကြီးတွေအကြား လျှို့ဝှက် နိုင်ငံရေး သဘောတူညီချက်တစ်ခု လုပ်ခဲတယ်လို့လည်း ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေးနေတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

Ref: Reuters/rl

ပုံစာထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်

Feature Image Credit: REUTERS/Athit Perawongmetha)

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *