ထိုင်းတရားရုံးက ဝန်ကြီးချုပ်ဆရက်ထာ အမှုကို ပိတ်သိမ်းသင့် မသင့် လာမယ့် ဇူလိုင် ၂၄ ရက်မှာ ကြားနာမယ်လို့ သိရ

ဘန်ကောက်၊ ဇူလိုင် ၁၀

 တရားဆွဲဆိုခံထားရတဲ့ ဝန်ကြီးချုပ် ဆရက်ထာရဲ့ အမှုကို ပိတ်သိမ်းဖို့ရာ သင့်မသင့် ကို ကြားနာဖို့ရာ သက်သေ အထောက်အထားတွေ ထပ်ပြီး စုဆောင်းနေရတာမို့ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဇူလိုင်လ ဇူလိုင်လ (၂၄) ရက်နေ့ ကို ရုံးချိန်း သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ဒီအမှုကို ၂၀၂၄ခုနှစ်  စက်တင်ဘာလ မတိုင်ခင် စီရင်ချက်ချမယ်လို့ လည်း’ တရားရုံးက ဇူလိုင် အစောပိုင်းက ပြောဆိုခဲ့ပြီးလည်း ဖြစ်ပါတယ်။

“တရားရုံးက သက်သေတွေနဲ့ အရင်က ဆင့်ခေါ်ခံရတဲ့ ပုဂ္ဂိုလ်တွေဆီက အချက်အလက်တွေ အပါအဝင် နောက်ထပ် အချက်အလက်တွေကို တောင်းဆိုပါတယ်” လို့ တရားရုံးရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၄ခုနှစ် မေလတုန်းက က တပ်မတော်က ခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ၄၀ ရဲ့ တိုင်ကြားချက်ကို   ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက လက်ခံခဲ့ပြီး  ဝန်ကြီးချုပ်ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုအသွားအလာကတော့  တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရတဲ့ ရှေ့နေ ပီချစ် ချွန်ဘန်ကို ဝန်ကြီးချုပ်က သူ့အစိုးရအဖွဲထဲမှာ ခန့်အပ်တာဝန်ပေးခဲ့တဲ့ကိစ္စပဲ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ  သတ်မှတ်ထားတဲ့  ဝန်ကြီးတွေအတွက် ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်စံနှုန်းတွေ ပျက်ပြားသွားစေတယ်ဆိုတဲ့ အချက်နဲ့ စစ်တပ်ခန့် အမတ်၄၀ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မစ္စတာပီချစ်ဟာ ရာထူးကနေ နှုတ်ထွက်ခဲ့ပြီး ဝန်ကြီးချုပ်မှာ ဘာအမှားအယွင်းမျှမရှိဘူးလို့ ပြောဆိုခဲ့တဲ့အကြောင်း သိရပါတယ်။

Ref: Reuters

ပုံစာ။ ဝန်ကြီးချုပ် ဆရက်ထာ ကို ၂၀၂၄ ဧပြီက တွေ့ရပုံ

Feature Image Credit: REUTERS/Athit Perawongmetha

Visited 39 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *