မယ်ဟောင်ဆောင်၊ နိုဝင်ဘာ ၇
စစ်ရေးပြင်းထန်လာလို့ ရှောင်ပြေးလာတဲ့ မြန်မာဘက်က စစ်ဘေးရှောင်တွေကို ထိုင်းစစ်တပ်က မြန်မာဘက် အတင်း အကျပ် ပြန်ပို့တဲ့ ကိစ္စမျိုး လုံးဝ မလုပ်ခဲ့ဘူးလို့ နိုဝင်ဘာ ၇ရက်က ငြင်းဆိုလိုက်ပါတယ်။
မြန်မာစစ်အစိုးရက တောင်းဆိုတာမို့ ထိုင်းဘက်ကို လာပြီး ခိုလှုံနေတဲ့မြန်မာနိုင်ငံသားတွေ ကို ပဋိပက္ခဇုန်ထဲ အတင်း အကျပ် နေရပ်ပြန်ပို့ခဲ့တာမျိုး မရှိဘူးလို့ ထိုင်းစစ်တပ်နဲ့ မယ်ဟောင်ဆောင်ခရိုင် အုပ်ချုပ်ရေးမှူးတို့က ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။
စစ်တပ်နဲ့ ကရင်နီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့ဆန္ဒ အလျောက် နေရပ်ပြန်ကြတာလို့ နယ်စပ်လုံခြုံရေးတာဝန်ရှိတဲ့ Naresuan Task Force ကလည်း နိုဝင်ဘာ၇ရက် အင်္ဂါနေ့က အခိုင်အ မာ ပြောဆိုလိုက်ပါတယ်။
မယ်ဟောင်ဆောင်ခရိုင် ဘန်မိုင်နိုင်းစိုင်ကျေးရွာက ယာယီစခန်းမှာ နေနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ ကို ထိုင်းအာဏာ ပိုင် တွေက အတင်းအကြပ်ဖိအားပေးနေတယ်လို့ ဒေသခံသတင်းအေဂျင်စီက မကြာသေးတဲ့ သီတင်းပတ်က ဖော်ထုတ် ပြော ဆို ခဲ့ပါတယ်။
ဒိနောက် စခန်းထဲမှာ နေနေတဲ့သူတွေကို ပြည်ပ သတင်းထောက်တစ်ဦးက တွေ့ဆုံမေးမြန်းပြီးတဲ့နောက် တချို့က လက်နက် ကိုင် တော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဖွဲ့ဝင်တွေလို့ စွပ်စွဲ ခဲ့ပြီးတဲ့နောက် မြန်မာ စစ်အစိုးရက အတင်းအကျပ် နေရပ်ပြန်ပို့ဖို့ ထိုင်းဘက်ကို ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းစစ်တပ်ကတော့ မြန်မာရွာသားတွေကို ပဋိပက္ခဇုန်ထဲ ပြန်ပို့ခိုင်းတာကို ငြင်းဆိုထားပါတယ်။
၂၀၂၃ခုနှစ် ဇွန်လက စပြီး မယ်ဟောင်ဆောင်မှာ မြန်မာနိုင်ငံကနေ ပြန်လည်ရောက်ရှိလာတဲ့သူ စုစုပေါင်း ၅,၇၄၈ ယောက် အထိရှိကြောင်း Naresuan Task Force က ပြောပါတယ်။ ထပ်ရောက်လာတဲ့သူတွေလည်း ထောင်နဲ့ချီရှိတဲ့ အကြောင်း သိ ရပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင် ၄,၆၅၀ ဟာ ကယားပြည်နယ်ကို ပြန်ရောက်သွားပေမယ့် ကျန်နေသေးတဲ့ ၄,၃၉၉ ယောက် က တော့ နယ်စပ်စခန်းငါးခုမှာ နေထိုင်နေရဆဲပါလို့ မယ်ဟောင်ဆောင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အရေအတွက် အား ဖြင့် တော့ ကွဲလွဲတာတွေ လည်း ရှိနေတယ်လို့ သိရပါတယ်။
Ref: The Nation
ပုံစာ။ မယ်ဟောင်ဆောင်က မြန်မာ စစ်ဘေးရှောင် မိသားစုများ
Feature Image Credit: The Nation