အရေအတွက်တွေ တအားများနေတာကြောင့်
၁၅ ဖေဖော်ဝါရီ၊၂၀၂၄


ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှာ တစ်ရက်ကို ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူ ၄၀၀ဥဦးပဲ လက်ခံတော့မယ်လို့ ထိုင်းသံရုံးက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများပြားလာတာကြောင့်ကန့်သတ်လိုက်ရတာလို့ဆိုပါတယ်။ထိုင်းသံရုံးဘက်က တန်းစီစနစ်ကျင့်သုံးပြီး ရုံးချိန် မနက် ၈ နာရီခွဲမတိုင်ခင်မှာ တိုကင်ဝေပေးသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဗီဇာတွေကို မနက် ၉ နာရီကစလို့ ထိုင်းသံရုံးမှာ လက်ခံပေးမှာဖြစ်ပြီး တုန်ကင်စာရင်းပေးထားသူနဲ့ လျှောက်လွှာတင်မယ့်သူရဲ့ ပတ်စ်ပို့ ကိုက်ညီမှု ရှိ၊ မရှိကို စစ်ဆေးမယ်လို့ အသိပေးထားပါတယ်။
ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့ပြီးနောက်ပိုင်းမှာ ပြည်ပထွက်ပြီးအလုပ်လုပ်လိုသူ၊ ကျောင်းတက်လိုသူများပြားနေပြီး အချို့ကတရားမဝင်နည်းလမ်းများနဲ့သွားဖို့ ကြိုးစားနေကြတယ်လို့ ရန်ကုန်မြို့နေသူအချို့က ပြောပါတယ်။



