ထိုင်ပေ၊ ဩဂုတ် ၁၆
ထိုင်ဝမ်အရှေ့မြောက်ပိုင်း ယီလန် စီရင်စုမှာ ကြာသပတေးနေ့ (သြဂုတ် ၁၅ ရက်) က ပြင်းအား ၅ဒသမ၇ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ ကျွန်းရဲ့ ဗဟိုမိုးလေဝသဌာနက ပြောဆိုခဲ့ပေမယ့် ပျက်စီးဆုံးရှုံးမှုကိုတော့ ချက်ချင်းသတင်းထုတ်ပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။
ဒေသစံတော်ချိန် ညနေ ၅ နာရီလောက်က လှုပ်ခဲ့တဲ့ ငလျင်က မြို့တော် ထိုင်ပေမှာရှိတဲ့ အဆောက်အအုံတွေကို လှုပ်ယမ်းခဲ့တယ်လို့ သိရပါတယ်။ ငလျှင်ရဲ့ အနက်က ၉ ကီလိုမီတာအထိ ရှိတယ်လို့ မိုးလေဝသ စီမံ ခန့်ခွဲမှုဌာနက ပြောပါတယ်။
မိုးလေဝသ စီမံခန့်ခွဲရေးဌာနက မိုဘိုင်းလ်ဖုန်းသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး လူအများကို “စိတ်ငြိမ်ငြိမ် ထားပြီး အနီးနားမှာ အကာအကွယ်ရှာပါ” ဆိုပြီး သတိပေးချက်တွေ ပေးပို့ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ငလျင်လှုပ်ခတ်အပြီးမှာတော့ တိုင်ပေက မြေအောက်ရထား ဝန်ဆောင်မှုတွေ ပုံမှန်ပြန်မဖြစ်သေးဘူးလို့လည်း သိရပါတယ်။
ညနေ ၅ နာရီ ၃၀ အချိန်အထိ ထိုင်ဝမ်အမျိုးသားမီးသတ်အေဂျင်စီက ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုသတင်း ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့သည့်၂၀၂၄ ဧပြီလအစောပိုင်းက ပြင်းအား ရစ်ခ်ျတာစကေး ၇ဒသမ၄ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသေးတယ်။ လူ ၁၇ယောက် သေဆုံးခဲ့ပြီး အပျက်အစီလည်း များခဲ့ပါတယ်။ တာဝန်ရှိသူတွေက ဒီငလျှင်က ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။
Ref: Reuters
ပုံစာ။၂၀၂၄ ဧပြီက ငလျှင်လှုပ်ခတ်ခဲ့အပြီး တွေ့ရတဲ့အပျက်အစီးတချို့
Feature Image Credit: Al Jazeera



