ဒီနှစ်ထိုင်းရွေးကောက်ပွဲမှာ ထောက်ခံမဲ အများဆုံးရရှိထားတဲ့ အမ်အက်ဖ်ပီပါတီရဲ့ ဦးဆောင်သူ ပီတာလင်မ်ဂျရယင်ရတ်ကို စီအင်န်အေသတင်းဌာနက တွေ့ ဆုံမေးမြန်းမှုပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး မေ၂၅က ထိုင်းပီဘီအက်စ် ဝက်ဘ်ဆိုက်မှာ သတင်းလွှင့်တင်ဖော်ပြထားပါတယ်။
စီအင်န်အေသတင်းဌာနရဲ့ အင်္ဂလိပ်ဘာသာကဏ္ဍအောက်က ဖိုးကပ်စ်ထိုင်ဝမ်အစီအစဉ်မှာ ပီတာ့ဖြေကြားချက်တွေ တင်ထားတဲ့အကြောင်း ထိုင်းပီဘီအက်စ် ဝက်ဘ်ဆိုက်ကသတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။
ပီတာရဲ့ အမ်အက်ဖ်ပီပါတီနဲ့ နိုင်ငံရေး ညွန့်ပေါင်းအင်အားစု တင်ပြထားတဲ့ မူဝါဒ၂၃ချက်မှာ တော်တော်များများကို ထိုင်ဝမ်ရဲ့အတွေ့အကြုံအပေါ်မှာအခြေခံထားတာဖြစ်တယ်လို့ ပီတာက ရှင်းပြပါတယ်။
ဥပမာ ထိုင်ဝမ်မှာ ၂၀၁၉ခုနှစ်ကတည်းက လိင်တူလက်ထပ်ခွင့်ကို ဥပဒေပြဌာန်းပြီး ခွင့်ပြုခဲ့တာကို အတုယူပြီး ထိုင်းနိုင်ငံမှာလည်း လုပ်ဆောင်သွားနိုင်ဖို့မျှော်လင့်ထားတဲ့အကြောင်း ပီတာကပြောပြပါတယ်။
ပြီးတော့ ၂၀၂၂အေပက်ထိပ်သီးဆွေးနွေးပွဲမှာ သူရဲ့အမ်အိုင်တီတက္ကသိုလ် ကျောင်းနေဖက် ထိုင်ဝမ်လျှပ်သိုပစ္စည်းထုတ်လုပ်ရေးကုမဏီတည်ထောင်သူ မောရစ်ချန်းနဲ့ တွေ့ပြီး စကားပြောဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြန်ပြောပြတယ်။
လျှပ်သိုပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းကို ထိုင်ဝမ်နဲ့ချိတ်ဆက်ပြီး ထိုင်းနဲ့ တခြားအာဆီယံနိုင်ငံတွေမှာ ချဲ့ထွင်ဖို့ သူတို့နှစ်ယောက် ဆွေးနွေးခဲ့ဖူးတယ်လို့ ပီတာကပြန်ပြောတာဖြစ်တယ်။