ထိုင်ဝမ်မှာ ဇန်နဝါရီလ၁၃ရက်က ကျင်းပနေတဲ့ ထိုင်ဝမ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) က ဝီလျံလိုင်ဟာ အတိုက်အခံကူမင်တန်ပါတီက ဟူးယုယီကို ဆန္ဓမဲ အသာစီးများစ့ာနဲ့ အနိူင်ရခဲ့တယ်လို့ ထိုင်ဝမ်နိုင်ငံက သတင်းမီဒီယာတွေမှာ ဖော်ပြပါရှိခဲ့ပါတယ်။


အနိုင်ရခဲ့တဲ့ DPP ပါတီက ဝီလျံလိုင်ဟာ ဆန္ဒမဲများစွာနဲ့ အ ခြားပြိုင်ဘက်နှစ်ဦးအပေါ် အသာစီးရပြီး ဆန္ဒမဲ ငါးသန်းကျော်ရတဲ့ ပထမဆုံးသမ္မတလောင်းတစ်ဦးဖြစ်လာခဲ့ပါတယ်။
ဝိလျံလိုင်ဟာ တရုတ်နိုင်ငံနဲ့ အဆင်မပြေသူဖြစ်တာကြောင့် တရုတ်နဲ့ကင်းကင်းရှင်းရှင်းဆက်ဆံမယ်လို့ ပြောဆိုထားပြီးကူမင်တန်ပါတီကတော့ တရုတ်နဲ့ဆက်ဆံရေးပိုပြေလည်အောင်လုပ်မယ်၊ ထိုင်ဝမ်ရေ လက်ကြားမှာ ငြိမ်းချမ်းစေရမယ်လို့ ကတိပြုထားတယ်လို့ သိရပါတယ်။
Visited 48 times, 1 visit(s) today



