ထိုင်ဝမ်ရေလက်ကြားထဲကနေ  ဖြတ်သန်းသွားလာခဲ့တဲ့ ဂျာမန်ရေတပ်ကို တရုတ်က ရှုတ်ချ

ပေကျင်း၊ စက်တင်ဘာ ၁၆

 တရုတ်စစ်တပ်အနေနဲ့  ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်း မောင်းနှင်ခဲ့တဲ့ ဂျာမန်ရေတပ်သင်္ဘောနှစ်စင်း ကိစ္စကို စနေနေ့ (စက်တင်ဘာ ၁၄) မှာ  ရှုတ်ချခဲ့ပြီး လုံခြုံရေးအန္တရာယ်တွေ  တိုးမြင့်လာလို့  တရုတ်တပ်ဖွဲ့ဝင်တွေဟာ သင်္ဘောနှစ်စင်းကို  စောင့်ကြည့် သတိပေးခဲ့တယ်လို့ သိရပါတယ်။

ထိုင်ဝမ်ကို တရုတ်ပိုင်လို့ အခိုင်အမာဆိုထားတဲ့  တရုတ်နိုင်ငံက  အဲ့ဒီထိုင်ဝမ်ရေလတ်ကြားကိုလည်း သူတို့ အချုပ်အခြာအာဏာနဲ့  တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးလာတဲ့ သဘောလို့ အကဲခတ်သူတွေက ဆိုပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကွန်တိန်နာသင်္ဘောတွေရဲ့ ထက်ဝက် အရေအတွက်လောက် ဖြတ်သန်းသွားလာနိုင်တဲ့ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အဲဒိရေလက်ကြားက  နိုင်ငံတကာရေလမ်းဖြစ်တယ်လို့ အမေရိကန်နဲ့  ထိုင်ဝမ်နှစ်နိုင်ငံစလုံးက ပြောဆိုထားတာ ဖြစ်ပါတယ်။

ဂျာမန် သင်္ဘောနှစ်စင်းက  ဖရီးဂိတ်သင်္ဘောနဲ့  ထောက်ပံ့ရေးရေယာဉ် ဖြစ်တယ်လို့လည်း သိရပါတယ်။

“ဂျာမနီဘက်က အပြုအမူက လုံခြုံရေးအန္တရာယ်ကို တိုးစေပြီး မှားယွင်းတဲ့ အချက်ပြမှုတွေ ပို့ပါတယ်။  တပ်သားတွေကို အချိန်တိုင်း သတိနေပြီး ခြိမ်းခြောက်မှုတွေနဲ့ ရန်စမှုတွေအားလုံးကို ပြတ်ပြတ်သားသား တန်ပြန်မှာပါ” လို့ တရုတ်ဘက်က  ထုတ်ပြန်ချက် ထွက်လာတယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ ထိုင်ဝမ်ရေလတ်ကြားကို ဖြတ်လာတဲ့ ဂျာမန် ရေတပ်ရေယာဉ်နှစ်စီး

Feature Image credit: File photo: REUTERS/Josh Smith

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *