တိုင်ပေ၊ မတ် ၂၆
ထိုင်ဝမ်ဟာ မတ် ၂၆ ရက် အင်္ဂါနေ့ မနက်အစောပိုင်းမှာ မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်တွေ၊ ဝေဟင်၊ မြေပြင်နဲ့ ရေတပ်တပ်ဖွဲ့တွေကို အသုံးပြုပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲသလို တရုတ်ရဲ့ မကြာခဏ ဆိုသလို စစ်ရေးလှုပ်ရှားမှုတွေကို ရင်ဆိုင်ရာမှာ အကျိုး ရှိစေမယ့် လေ့ကျင့်မှုကိုတွေလည်း အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့ ထိုင်ဝမ် အာဏာပိုင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံက သူ့ရဲ့ ပိုင်နက်နယ်မြေအဖြစ် တောင်းဆိုထားတဲ့ ထိုင်ဝမ်ဟာ ကျွန်းအနီးအနား အနီးတစ်ဝိုက် လည်ပတ်နေတဲ့ တရုတ်လေတပ်လေယာဉ်နဲ့ ရေတပ်သင်္ဘောတွေကို လွန်ခဲ့တဲ့ လေးနှစ်တာကာလအတွင်း အကြိမ်ကြိမ် မကျေမနပ် ဖြစ်နေရတာလည်း ဖြစ်ပါတယ်။
ထိုင်ဝမ်လေတပ်ကွပ်ကဲမှုနဲ့ နံနက် ၅ နာရီ (၂၁၀၀ ဂရင်းနစ်စံတော်ချိန်) ကနေ နံနက် ၇ နာရီကြား ပြည်တွင်းလုပ် Sky Bow နဲ့ အမေရိကန်လုပ် Patriot မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်တွေကို အသုံးပြုပြီး “အလုံးစုံလေကြောင်း ရန်ကာကွယ်ရေးတိုက်ခိုက်ရေးအစီအစဥ်လေ့ကျင့်မှု” ကို လုပ်ခဲ့တယ်လို့ ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ်က အတိုချုံးထုတ်ပြန်ချက် တစ်ခုထုတ်ပြန်ခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ‘လေကြောင်းရန် ကာကွယ်ရေး တိုက်ခိုက်ရေး ကွပ်ကဲမှု နဲ့ ဌာနခွဲသုံးရပ်ရဲ့ ထိန်းချုပ်မှုတို့ကို စစ်ဆေးအတည်ပြုဖို့ ဖြစ်တယ်’ ဆိုပြီး ပြောဆိုခဲ့သလို လေ့ကျင့်မှုရဲ့ ရလဒ်ကလည်း ကောင်းခဲ့တယ်လို့ သိရပါတယ်။
“ထိုင်ဝမ်ရဲ့ ပတ်ဝန်းကျင်ပင်လယ်နဲ့ လေထုထဲ မကြာခဏ ကျူးကျော်ဝင်ရောက်လာတဲ့ တရုတ်လေယာဉ်နဲ့ သင်္ဘောတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လေတပ်ဟာ အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ သူ့ရဲ့လေ့ကျင့်ရေး ပြင်းအားကို ဆက်လက်တိုးမြှင့်သွားမှာပါ” ဆိုပြီးလည်း ထိုင်ဝမ်လေတပ်က ပြောဆိုလိုက်တဲ့ အကြောင်း သိရပါတယ်။
Ref: Reuters
ပုံစာ။ ထိုင်ဝမ်ရေတပ်ရဲ့ လေ့ကျင်ရေး မြင်ကွင်း တစ်ခု
Feature Image credit: REUTERS/Carlos Garcia Rawlins



