
photo Cedit: TVBS via
တိုင်ပေ၊ ဧပြီ ၃
ထိုင်ဝမ်မှာ ဧပြီလ ၃ ရက် ဗုဒ္ဓဟူးနေ့ (ဧပြီ ၃ ရက်) က အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် လူကိုးယောက်ထက်မနည်း သေဆုံးပြီး ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့သလို အဆောက်အဦ ဒါဇင်များစွာ ပျက်စီးခဲ့ပါတယ်။
ပြင်းအား ၇ဒသမ၂ ရှိတဲ့ ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၈ နာရီ မတိုင်မီ ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခတ်ခဲ့ပါတယ်။ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်ဝမ်နိုင်ငံ ဟွာလီယန်မြို တောင်ဘက် ၁၈ ကီလိုမီတာအကွာကနေ ဗဟိုပြု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အခု လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ထိုင်ဝမ်ကျွန်းအတွက် ၂၅နှစ် အတွင်း အပြင်းထန်ဆုံးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုခဲ့သလို သိပ်မကြာတဲ့ ရက်တွေမှာလည်း နောက်ထပ်ငလျင်တွေ ထပ်လှုပ်နိုင်သေးတယ်လို့ ငလျင်ကျွမ်းကျင်သူတွေက ခန့်မှန်း သတိပေးထားတယ်လို့ သိရပါတယ်။
“မြေငလျင်က ကုန်းမြေနဲ့ နီးကပ်နေသလို ထိုင်ဝမ်ဒေသနဲ့ ကမ်းလွန်ကျွန်းတွေပေါ်မှာ လတ်တလော လှုပ်ခတ်နေတယ်” လို့ တိုင်ပေ ဗဟိုမိုးလေဝသ စီမံခန့်ခွဲရေး မြေငလျင်ဗေဒဌာန ဒါရိုက်တာ ဝူ ချန်း က သတိပေးထားတယ်လို့ သိရပါတယ်။
Ref: can
ပုံစာ။ ငလျင်ဒဏ်ခံလိုက်ရတဲ့ အဆောက်အဦတစ်ခု
Feature Image Credit: TVBS via AP
ငလျင်လှုပ်ခတ်အပြီး မြင်ကွင်းတချို့






