ထိုင်ပေ၊ အောက်တိုဘာ ၃
ထိုင်ဝမ်တောင်ပိုင်းက ဆေးရုံတစ်ရုံ အောက်တိုဘာ ၃ ရက် ကြာသပတေးနေ့ (အောက်တိုဘာ ၃ ရက်)မှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ လူကိုးယောက် သေဆုံးခဲ့ရတဲ့အကြောင်း မီးသတ်အေဂျင်စီက ပြောပါတယ်။
မီးလောင်မှု ဖြစ်ခဲ့တဲ့နေရာက ထိုင်ပေရဲ့ တောင်ပိုင်းပင်တောင် ခရိုင်မှာ ဖြစ်ပြီး နံနက် ၇ နာရီ ၄၀ ဝန်းကျင်မှာ စပြီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁ နာရီမှ မီးငြိမ်းသတ်နိုင်ခဲတယ်လို့ မီးသတ်အေဂျင်စီရဲ့ အွန်လိုင်း ပို့စ်တစ်ခုအရ သိရပါတယ်။
သေဆုံးသူ ကိုးယောက်အနက် တစ်ယောက်က အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး ကျန်တဲ့ရှစ်ယောက်က ဆေးရုံအရောက်မှာ သေဆုံးသွားခဲတာလို့ အေဂျင်စီက ပြောပါတယ်။
မီးလောင်မှု ဖြစ်ရတဲ့ အကြောင်းရင်းိကိုတော့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
Ref: AFP
ပုံစာ။ မီးလောင်နေတဲ့ မြင်ကွင်း
Feature Image Credit: Handout/Pingtung County Government/AFP



